[Zawgyi]

Ice Universe ဟာ One UI Beta 2.0 Build က လွ်ိဳ႕ဝွက္ Menu ရဲ႕ Screenshot ကို တြစ္တာမွာ ျပသလိုက္ပါတယ္။ Refresh Rate ကို 60Hz နဲ႔ 120Hz ၾကားမွာ ေျပာင္းသုံးႏိုင္မယ့္ Setting Menu ျဖစ္ပါတယ္။ 120Hz Display က ဂိမ္းေတြ ကစားရင္ ဖလန္းဖလန္းထေနမွာပါ။ ဒါေပမယ့္ အားနည္းခ်က္က စြမ္းအင္ စားသုံးမႈပိုမ်ားလာတာပါ။ ဒီပုံေၾကာင့္ ေနာက္ႏွစ္မွာ ထြက္လာမယ့္ Galaxy S11 မွာ 120Hz Display ပါလာမယ္လို႔ ယူဆရပါတယ္။

Gaming ဖုန္းေတြမွာ 120Hz Display ကို အေစာဆံုးသံုးတာက Razer ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း Gaming ဖုန္းေတြမွာ ဂိမ္းကစားရင္ အရမ္းေကာင္းမယ့္ အလန္းစား Refresh Rate Display ပါလာၾကပါတယ္။ ဒီႏွစ္ထဲမွာ OnePlus 7 နဲ႔အတူ 90Hz Display ကို မိတ္ဆက္ခဲ့ၿပီး OPPO ကလည္း အားက်မခံ Reno Ace မွာ ထည့္သြင္းေပးခဲ့ပါတယ္။ အခုဆိုရင္ Refresh Rate ျမင့္မားတဲ့ ဖုန္းေတြ ေခတ္စားလာေနပါၿပီ။

Galaxy S11 မွာ Night Hyperlapse ပါလာမယ္လို႔ သတင္းထြက္ေနၿပီး အလင္းေရာင္နည္းပါးတဲ့ အခါမွာ အလန္းစား ဓါတ္ပံုေတြ ဖမ္းယူေပးႏိုင္မွာ ျဖစ္ပါတယ္။ Display ရဲ႕ ေဘးေဘာင္ေတြဟာ အရင္မ်ိဳးဆက္ထက္ ပိုပါးလႊာလာမွာပါ။ Samsung က Galaxy S11 မွာ SAMOLED ကို သံုးမယ္လို႔ သတင္းထြက္ေနပါတယ္။ 3,720mAh Battery ပါမယ္လို႔လည္း သိရပါတယ္။ အရြယ္အစား ၃ မ်ိဳးထုတ္လုပ္ေပးထားမွာ ျဖစ္တဲ့အတြက္ လူတိုင္းအတြက္ အဆင္ေျပႏုိင္ပါတယ္။ 5G အပါအ၀င္ ေမာ္ဒယ္ ၅ မ်ိဳးထုတ္လုပ္ထားႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

Samsung Galaxy S11 မှာ 120Hz Display ထည့်သွင်းထားနိုင်

Ice Universe ဟာ One UI Beta 2.0 Build က လျှို့ဝှက် Menu ရဲ့ Screenshot ကို တွစ်တာမှာ ပြသလိုက်ပါတယ်။ Refresh Rate ကို 60Hz နဲ့ 120Hz ကြားမှာ ပြောင်းသုံးနိုင်မယ့် Setting Menu ဖြစ်ပါတယ်။ 120Hz Display က ဂိမ်းတွေ ကစားရင် ဖလန်းဖလန်းထနေမှာပါ။ ဒါပေမယ့် အားနည်းချက်က စွမ်းအင် စားသုံးမှုပိုများလာတာပါ။ ဒီပုံကြောင့် နောက်နှစ်မှာ ထွက်လာမယ့် Galaxy S11 မှာ 120Hz Display ပါလာမယ်လို့ ယူဆရပါတယ်။

Gaming ဖုန်းတွေမှာ 120Hz Display ကို အစောဆုံးသုံးတာက Razer ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း Gaming ဖုန်းတွေမှာ ဂိမ်းကစားရင် အရမ်းကောင်းမယ့် အလန်းစား Refresh Rate Display ပါလာကြပါတယ်။ ဒီနှစ်ထဲမှာ OnePlus 7 နဲ့အတူ 90Hz Display ကို မိတ်ဆက်ခဲ့ပြီး OPPO ကလည်း အားကျမခံ Reno Ace မှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုဆိုရင် Refresh Rate မြင့်မားတဲ့ ဖုန်းတွေ ခေတ်စားလာနေပါပြီ။

Galaxy S11 မှာ Night Hyperlapse ပါလာမယ်လို့ သတင်းထွက်နေပြီး အလင်းရောင်နည်းပါးတဲ့ အခါမှာ အလန်းစား ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်မှာ ဖြစ်ပါတယ်။ Display ရဲ့ ဘေးဘောင်တွေဟာ အရင်မျိုးဆက်ထက် ပိုပါးလွှာလာမှာပါ။ Samsung က Galaxy S11 မှာ SAMOLED ကို သုံးမယ်လို့ သတင်းထွက်နေပါတယ်။ 3,720mAh Battery ပါမယ်လို့လည်း သိရပါတယ်။ အရွယ်အစား ၃ မျိုးထုတ်လုပ်ပေးထားမှာ ဖြစ်တဲ့အတွက် လူတိုင်းအတွက် အဆင်ပြေနိုင်ပါတယ်။ 5G အပါအဝင် မော်ဒယ် ၅ မျိုးထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena