Unicode

Samsung ရဲ့ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်လာမယ့် Galaxy S11 Series ဖုန်းတွေဟာ တရားဝင်မိတ်ဆက်ဖို့ လနဲ့ချီပြီး လိုသေးတယ်ဆိုပေမယ့် သတင်းတွေကတော့ ဆက်တိုက်ကို ထွက်ရှိနေတာဖြစ်ပါတယ်။ အခုလည်း Samsung နဲ့ ပတ်သတ်တဲ့သတင်းတွေကို ထုတ်ဖော်ပြောကြားနေကြ Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Camera နဲ့ပတ်သတ်တဲ့သတင်းတစ်ခုကို ထပ်ပြီး ပြောကြားခဲ့ပါတယ်။

အခုသတင်းကတော့ Samsung Galaxy S11 ၊ S11+ နဲ့ S11e ဖုန်းတွေအကုန်လုံးမှာ အနည်းဆုံး 48 Megapixel ရှိတဲ့ Telephoto Camera Sensor တွေကို ထည့်သွင်းလာမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung က S11 Series ဖုန်းတွေမှာ 108MP Primary Sensor အပြင် Telephoto Sensor ကိုပါ Pixel-binning နည်းပညာနဲ့ Megapixel အမြင့် Sensor တွေကို အသုံးပြုလာမယ့်ပုံစံပါပဲ။

အခုသတင်းနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်ကိုတော့ မသိရှိရပေမယ့် လက်ရှိစမတ်ဖုန်းအများစုမှာ Megapixel အမြင့် Sensor တစ်ခုကိုပဲ Primary အနေနဲ့ထည့်သွင်းနေတဲ့အချိန် ဒီလိုမျိုး Camera Setup က ထူးခြားနေတာတော့ အမှန်ပါပဲ။ ဖြစ်နိုင်တာက Galaxy S11 Series ဖုန်းတွေဟာ 100x Digital Zoom အထိ Support ပေးမယ့် Space Zoom Feature ကို ထည့်သွင်းလာမှာဖြစ်တဲ့အတွက် အခုလို Megapixel များပြားတဲ့ Telephoto Sensor ကို ထည့်သွင်းလာတယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာတော့ Galaxy S11 နဲ့ S11+ ဖုန်းတွေက 108MP Primary Sensor ပါဝင်မှာကျိန်းသေပြီးတော့ ပုံမှန် 4-in-1 Pixel Binning ထက် ဓါတ်ပုံတွေကို Sharp ပိုဖြစ်တဲ့ 9-in-1 Pixel Binning နည်းပညာကို အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S11e ဖုန်းမှာ 108MP Primary Sensor ပါဝင်လာမလားဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဘာပဲဖြစ်ဖြစ် Samsung Galaxy S11 Series ဖုန်းတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်လို့ ယူဆရပြီး အဲ့ဒီအချိန်မတိုင်ခင်မှာ နောက်ထပ်သတင်းတွေကို ထပ်မံသိရဖွယ်ရှိနေပါသေးတယ်။

Ref – GSM Arena

Zawgyi

Samsung ရဲ႕ လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလထဲမွာ မိတ္ဆက္လာမယ့္ Galaxy S11 Series ဖုန္းေတြဟာ တရားဝင္မိတ္ဆက္ဖို႔ လနဲ႔ခ်ီၿပီး လိုေသးတယ္ဆိုေပမယ့္ သတင္းေတြကေတာ့ ဆက္တိုက္ကို ထြက္ရွိေနတာျဖစ္ပါတယ္။ အခုလည္း Samsung နဲ႔ ပတ္သတ္တဲ့သတင္းေတြကို ထုတ္ေဖာ္ေျပာၾကားေနၾက Leakster တစ္ဦးျဖစ္တဲ့ Ice Universe ကေန Camera နဲ႔ပတ္သတ္တဲ့သတင္းတစ္ခုကို ထပ္ၿပီး ေျပာၾကားခဲ့ပါတယ္။

အခုသတင္းကေတာ့ Samsung Galaxy S11 ၊ S11+ နဲ႔ S11e ဖုန္းေတြအကုန္လုံးမွာ အနည္းဆုံး 48 Megapixel ရွိတဲ့ Telephoto Camera Sensor ေတြကို ထည့္သြင္းလာမယ္လို႔ ေျပာၾကားလိုက္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Samsung က S11 Series ဖုန္းေတြမွာ 108MP Primary Sensor အျပင္ Telephoto Sensor ကိုပါ Pixel-binning နည္းပညာနဲ႔ Megapixel အျမင့္ Sensor ေတြကို အသုံးျပဳလာမယ့္ပုံစံပါပဲ။

အခုသတင္းနဲ႔ပတ္သတ္ၿပီးေတာ့ အေသးစိတ္ကိုေတာ့ မသိရွိရေပမယ့္ လက္ရွိစမတ္ဖုန္းအမ်ားစုမွာ Megapixel အျမင့္ Sensor တစ္ခုကိုပဲ Primary အေနနဲ႔ထည့္သြင္းေနတဲ့အခ်ိန္ ဒီလိုမ်ိဳး Camera Setup က ထူးျခားေနတာေတာ့ အမွန္ပါပဲ။ ျဖစ္ႏိုင္တာက Galaxy S11 Series ဖုန္းေတြဟာ 100x Digital Zoom အထိ Support ေပးမယ့္ Space Zoom Feature ကို ထည့္သြင္းလာမွာျဖစ္တဲ့အတြက္ အခုလို Megapixel မ်ားျပားတဲ့ Telephoto Sensor ကို ထည့္သြင္းလာတယ္လို႔ ယူဆရပါတယ္။

ေလာေလာဆယ္မွာေတာ့ Galaxy S11 နဲ႔ S11+ ဖုန္းေတြက 108MP Primary Sensor ပါဝင္မွာက်ိန္းေသၿပီးေတာ့ ပုံမွန္ 4-in-1 Pixel Binning ထက္ ဓါတ္ပုံေတြကို Sharp ပိုျဖစ္တဲ့ 9-in-1 Pixel Binning နည္းပညာကို အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ Galaxy S11e ဖုန္းမွာ 108MP Primary Sensor ပါဝင္လာမလားဆိုတာကိုေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။

ဘာပဲျဖစ္ျဖစ္ Samsung Galaxy S11 Series ဖုန္းေတြဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမယ္လို႔ ယူဆရၿပီး အဲ့ဒီအခ်ိန္မတိုင္ခင္မွာ ေနာက္ထပ္သတင္းေတြကို ထပ္မံသိရဖြယ္ရွိေနပါေသးတယ္။

Ref – GSM Arena