[Zawgyi]

Samsung Galaxy S11 Series ေတြဟာ အရင္မ်ိဳးဆက္ေတြထက္ ကင္မရာေတြ အရမ္းလန္းလာမယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ ဖုန္းေတြအတြက္ 4G နဲ႔ 5G Model ေတြ ထုတ္လုပ္ထားမွာ ျဖစ္ၿပီး ပထမဆံုး အေနနဲ႔ အေနာက္ကင္မရာ ၅လံုး ပါလာမွာပါ။ အဲဒီထဲမွာ Bright Night Sensor အသစ္ပါလာမယ္လို႔ သတင္းထြက္လာပါတယ္။

ကင္မရာ ၅ လံုးထဲမွာ 108MP Main နဲ႔အတူ အထူးထုတ္ Bright Night Sensor ထည့္သြင္းထားမွာ ျဖစ္ၿပီး Low Light Photo နဲ႔ Video ေတြ အရမ္းလန္းလာေတာ့မွာပါ။ Samsung က Bright Night Sensor အတြက္ EUIPO (European Union Intellectual Property Office) မွာ မွတ္ပံုတင္ထားပါတယ္။ Sensor အသစ္ရဲ႕ နာမည္ဟာ Galaxy S10 နဲ႔ Galaxy Note 10 Series ေတြရဲ႕ “Bright Night Shot Mode” နဲ႔ တူေနပါတယ္။

စမတ္ဖုန္း ကုမၸဏီေတြဟာ ႏွစ္တိုင္း သူတို႔ရဲ႕ ဖုန္းေတြမွာ ကင္မရာေတြ ပိုလန္းလာေအာင္ ႀကိဳးစားေနၾကပါတယ္။ စမတ္ဖုန္းေတြက ရိုက္ကူးေပးႏုိင္တဲ့ Low Light Photo ေတြဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုအေသးစိတ္က်လာၿပီး ၾကည္လင္ျပတ္သားလာပါတယ္။ Apple iPhone 11 Series ေတြရဲ႕ Low Light Performance ေတြ တိုးတက္လာတာကို ဥပမာအေနနဲ႔ ၾကည့္ႏုိင္ပါတယ္။ Samsung ကလည္း အားက်မခံ လာမယ့္ႏွစ္မွာ ကင္မရာ နည္းပညာ အသစ္ေတြကို ခ်ျပေတာ့မွာပါ။ ဖုန္း ကုမၸဏီေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ Night Mode လို ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္ေတြကို ဖန္တီးလာၾကပါတယ္။ အခုေတာ့ ဟာ့ဒ္၀ဲ အေျချပဳ နည္းပညာေတြဘက္ကို ေျခဦးလွည့္လာပါၿပီ။

Ref : gizmochina

[Unicode]

Samsung Galaxy S11 မှာ Low Light Photography အတွက် Bright Night Sensor အသစ် ပါလာနိုင်

Samsung Galaxy S11 Series တွေဟာ အရင်မျိုးဆက်တွေထက် ကင်မရာတွေ အရမ်းလန်းလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းတွေအတွက် 4G နဲ့ 5G Model တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ပထမဆုံး အနေနဲ့ အနောက်ကင်မရာ ၅ လုံး ပါလာမှာပါ။ အဲဒီထဲမှာ Bright Night Sensor အသစ်ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

ကင်မရာ ၅ လုံးထဲမှာ 108MP Main နဲ့အတူ အထူးထုတ် Bright Night Sensor ထည့်သွင်းထားမှာ ဖြစ်ပြီး Low Light Photo နဲ့ Video တွေ အရမ်းလန်းလာတော့မှာပါ။ Samsung က Bright Night Sensor အတွက် EUIPO (European Union Intellectual Property Office) မှာ မှတ်ပုံတင်ထားပါတယ်။ Sensor အသစ်ရဲ့ နာမည်ဟာ Galaxy S10 နဲ့ Galaxy Note 10 Series တွေရဲ့ “Bright Night Shot Mode” နဲ့ တူနေပါတယ်။

စမတ်ဖုန်း ကုမ္ပဏီတွေဟာ နှစ်တိုင်း သူတို့ရဲ့ ဖုန်းတွေမှာ ကင်မရာတွေ ပိုလန်းလာအောင် ကြိုးစားနေကြပါတယ်။ စမတ်ဖုန်းတွေက ရိုက်ကူးပေးနိုင်တဲ့ Low Light Photo တွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုအသေးစိတ်ကျလာပြီး ကြည်လင်ပြတ်သားလာပါတယ်။ Apple iPhone 11 Series တွေရဲ့ Low Light Performance တွေ တိုးတက်လာတာကို ဥပမာအနေနဲ့ ကြည့်နိုင်ပါတယ်။ Samsung ကလည်း အားကျမခံ လာမယ့်နှစ်မှာ ကင်မရာ နည်းပညာ အသစ်တွေကို ချပြတော့မှာပါ။ ဖုန်း ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Night Mode လို ဆော့ဖ်ဝဲ လုပ်ဆောင်ချက်တွေကို ဖန်တီးလာကြပါတယ်။ အခုတော့ ဟာ့ဒ်ဝဲ အခြေပြု နည်းပညာတွေဘက်ကို ခြေဦးလှည့်လာပါပြီ။

Ref : gizmochina