[Zawgyi]

လြန္ခဲ့တဲ့ ရက္ကပဲ Xiaomi ဟာ Mi Mix Alpha မွာ 108MP ကင္မရာ တပ္ဆင္ထားေၾကာင္း ႂကြားလုံးထုတ္ခဲ့ပါေသးတယ္။ အခုေတာ့ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးရဲ႕ လာမယ့္ ထုတ္ကုန္သစ္ျဖစ္တဲ့ Galaxy S11 မွာလည္း 108MP ကင္မရာ တပ္ဆင္ထားမွာျဖစ္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။

တကယ္ေတာ့ Samsung ရဲ႕ Galaxy S11 မိသားစုကို ပြဲထုတ္ဖို႔က လအနည္းငယ္ လိုပါေသးတယ္။ ဒါေပမယ့္လည္း ေကာလာဟလမွာ ေစာတယ္ဆိုတာမရွိပါဘူး။ ၿပီးခဲ့တဲ့ ေမလကတည္းက Galaxy S11 ရဲ႕ ကုဒ္နာမည္ဟာ “Picasso” ဆိုၿပီးေတာ့ေတာင္ ေကာလာလဟ သတင္းထြက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုထြက္လာတဲ့ ကင္မရာအေၾကာင္းကေတာ့ အမွန္ျဖစ္ႏိုင္ေျခမ်ားတဲ့ ေကာလာဟလလို႔ပဲ ဆိုရပါလိမ့္မယ္။

ေမလမွာ ထြက္ခဲ့တဲ့ သတင္းေတြကို ျပန္ရွာၾကည့္မယ္ဆိုရင္ Samsung ဟာ 5x optical module ေတြကို အလုံးအရင္းလိုက္ ထုတ္လုပ္ေနၿပီလို႔ ေၾကညာခဲ့တာကို ေတြ႕ရပါလိမ့္မယ္။ ဒီေၾကညာခ်က္ထဲက 5x optical module ေတြဟာ Galaxy S11 ေတြအတြက္ ျဖစ္တယ္လို႔ ကိုရီးယား နည္းပညာသတင္းမီဒီယာတစ္ခုျဖစ္တဲ့ The Elec က အခိုင္အမာ ေျပာဆိုေရးသားခဲ့ပါတယ္။

The Elec ရဲ႕ေဖာ္ျပမႈအရ Galaxy S11 ေတြဟာ 108MP အဓိက ကင္မရာအျပင္ Periscope သစ္လည္း ပါဝင္လာမယ္လို႔ ဆိုရပါလိမ့္မယ္။ Samsung Electro-Mechanics ဗီဒီယိုမွာလည္း module ဟာ ပါးလႊာတဲ့ 5mm profile နဲ႔ လာမွာျဖစ္ေၾကာင္း ေဖာ္ျပထားတာကို ေတြ႕ျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဖုန္းရဲ႕ ေနာက္ေက်ာမွာ အမ်ားႀကီး စြန္းထြက္ေနမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy S11 ဟာ 108MP ကင်မရာနဲ့ 5x Optical Zoom တွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်ပေါ်လာ

လွန်ခဲ့တဲ့ ရက်ကပဲ Xiaomi ဟာ Mi Mix Alpha မှာ 108MP ကင်မရာ တပ်ဆင်ထားကြောင်း ကြွားလုံးထုတ်ခဲ့ပါသေးတယ်။ အခုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ လာမယ့် ထုတ်ကုန်သစ်ဖြစ်တဲ့ Galaxy S11 မှာလည်း 108MP ကင်မရာ တပ်ဆင်ထားမှာဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

တကယ်တော့ Samsung ရဲ့ Galaxy S11 မိသားစုကို ပွဲထုတ်ဖို့က လအနည်းငယ် လိုပါသေးတယ်။ ဒါပေမယ့်လည်း ကောလာဟလမှာ စောတယ်ဆိုတာမရှိပါဘူး။ ပြီးခဲ့တဲ့ မေလကတည်းက Galaxy S11 ရဲ့ ကုဒ်နာမည်ဟာ “Picasso” ဆိုပြီးတော့တောင် ကောလာလဟ သတင်းထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုထွက်လာတဲ့ ကင်မရာအကြောင်းကတော့ အမှန်ဖြစ်နိုင်ခြေများတဲ့ ကောလာဟလလို့ပဲ ဆိုရပါလိမ့်မယ်။

မေလမှာ ထွက်ခဲ့တဲ့ သတင်းတွေကို ပြန်ရှာကြည့်မယ်ဆိုရင် Samsung ဟာ 5x optical module တွေကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီလို့ ကြေညာခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီကြေညာချက်ထဲက 5x optical module တွေဟာ Galaxy S11 တွေအတွက် ဖြစ်တယ်လို့ ကိုရီးယား နည်းပညာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Elec က အခိုင်အမာ ပြောဆိုရေးသားခဲ့ပါတယ်။

The Elec ရဲ့ဖော်ပြမှုအရ Galaxy S11 တွေဟာ 108MP အဓိက ကင်မရာအပြင် Periscope သစ်လည်း ပါဝင်လာမယ်လို့ ဆိုရပါလိမ့်မယ်။ Samsung Electro-Mechanics ဗီဒီယိုမှာလည်း module ဟာ ပါးလွှာတဲ့ 5mm profile နဲ့ လာမှာဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ နောက်ကျောမှာ အများကြီး စွန်းထွက်နေမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Ref: GSM Arena