Samsung Galaxy S20 Fan Edition ရဲ့ မော်ဒယ် ၂ လုံးလို့ ထင်ရတဲ့ ဖုန်းတွေ NFC Forum ကို ရောက်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။ အဲဒီ ၂ လုံးရဲ့ မော်ဒယ်နံပါတ်တွေက SM-G781V နဲ့ SM-G780F/DSM တို့ ဖြစ်ပြီး NFC Forum မှာ အဲဒီဖုန်းတွေရဲ့ Specifications တွေကို မဖော်ပြထားပါဘူး။

ဒါပေမယ့် မော်ဒယ်နံပါတ် SM-G781B ကို Geekbench မှာ ပြီးခဲ့တဲ့ လက တွေ့ခဲ့ရပြီး Qualcomm Snapdragon 865 SoC နဲ့ 6GB RAM ပါလာပါတယ်။ မော်ဒယ်နံပါတ် SM-G780F မှာ Exynos 990 Chipset နဲ့ 8GB RAM တွဲဖက်ထားပါတယ်။

Galaxy S20 Fan Edition ရဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်ခဲ့ပြီး အနည်းဆုံး အရောင် ၆ မျိုး တွေ့ရပါတယ်။ Punch Hole မျက်နှာပြင်နဲ့ အနောက်ဘက်မှာ 12MP Main , 12MP Ultrawide နဲ့ 8MP Telephoto ကင်မရာ ၃ လုံး ပါလာပါတယ်။

ပေါက်ကြားနေတဲ့ သတင်းတွေအရ Galaxy S20 Fan Edition မှာ 120Hz FullHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင် အရွယ်အစားက ၆.၄ လက်မနဲ့ ၆.၅ လက်မတွေ ဖြစ်မှာပါ။ 4500mAh ဘက်ထရီနဲ့ IP68 စံနှုန်း ထည့်ထားမှာ ဖြစ်ပြီး အောက်တိုဘာလမှာ ဝမ် ၉ သိန်းနဲ့ ရောင်းနိုင်ပါတယ်။ မြန်မာငွေ ၁၀ သိန်းလောက် ကျသင့်နိုင်ပြီး 4G နဲ့ 5G Version တွေ ထွက်လာမှာပါ။

Ref : gsmarena