Samsung က သတင်းများစွာ ထွက်နေတဲ့ Galaxy S20 FE နဲ့ S20 FE 5G တို့ကို တရားဝင် ကြေညာလိုက်ပါတယ်။ Samsung က နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကိုရီးယား တေးဂီတအဖွဲ့ BTS နဲ့ ဗြိတိန် မင်းသမီး Millie Bobby Brown တို့ ပါဝင်ထားတဲ့ Galaxy S20 FE ပရိုမို ဗီဒီယိုတွေကိုလည်း မျှဝေလိုက်ပါတယ်။ တောင်ကိုရီးယား နည်းပညာ  ဘီလူးကြီး Samsung နဲ့ K-Pop တေးဂီတအဖွဲ့ BTS တို့ဟာ ပါတနာတွေ ဖြစ်ပြီး အခု ဖုန်းကိုလည်း BTS Fans တွေ သည်းသည်းလှုပ်အားပေးကြမှာ သေချာပါတယ်။

Samsung က BTS အပြင် ဗြိတိန် မင်းသမီး Millie Bobby Brown နဲ့လည်း Galaxy S20 FE ရောင်းအားကောင်းအောင် ကြိုးစားနေပါတယ်။ သူမဟာ Stranger Things တီဗီ စီးရီးနဲ့ နာမည်ကြီးလာခဲ့တာ ဖြစ်ပြီး အခုလည်း သူမရဲ့ ရုပ်ရှင် အသစ် Enola Holmes ကို Netflix မှာ စတင် ပြသတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တတိယ ဗီဒီယိုမှာတော့ Fan Edition ရဲ့ အလန်းဆုံး လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာ ၃ လုံးရဲ့ 30x Space Zoom (3x Optical) ၊ စွမ်းရည်မြင့် Night Mode ၊ 5G နဲ့ 120Hz မျက်နှာပြင်တွေကို ဗီဒီယိုမှာ လေ့လာနိုင်မှာပါ။

Galaxy S20 FE ကို ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး အောက်တိုဘာလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena