Samsung ကနေ Galaxy S20 Series စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဝန်းကျင်ထဲက စျေးကွက်ထဲကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း Samsung ကနေ စျေးပိုသက်သာတဲ့ Galaxy S20 Lite ဖုန်းကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ အဆိုပါ Samsung Galaxy S20 Lite ကို တရားဝင်မိတ်ဆက်လာနိုင်တဲ့အချိန်က ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ လာမယ့်အောက်တိုဘာလဝန်းကျင်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး ယခုသတင်းကိုတော့ South Korea News Outlet တစ်ခုဖြစ်တဲ့ ETNews ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy S20 Lite လို့ပဲ ခေါ်ဆိုသွားမလား၊ ဒါမှမဟုတ် ဘယ်လိုမျိုး နာမည်ပေးသွားမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ တခြားသောသတင်းတွေအနေနဲ့ S Pen ထည့်သွင်းသွားပြီး Galaxy S20 Pen Edtiion သို့မဟုတ် Galaxy S20 Fan Edition ဆိုပြီးလည်း နာမည်ပေးသွားနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

အဲ့ဒီအတွက် လက်ရှိအချိန်မှာ Galaxy S20 Lite မှာ Qualcomm Snapdragon 865 Chipset နဲ့ OneUI 2.5 ကို အသုံးပြုလာမယ်ဆိုတာကလွဲပြီး ကျန်တဲ့အချက်တွေကတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် မနှစ်တုန်းက Galaxy S10 Lite စမတ်ဖုန်းထက်တော့ သိသိသာသာအားသာချက်တွေများပြားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena