Samsung ဟာ ယခုနှစ်အတွင်းမှာ ဂျပန်နိုင်ငံမှာ ကျင်းပသွားဖို့ရှိနေတဲ့ Olympic Games အတွက် Galaxy S20+ 5G Olympic Games Edition ဖုန်းကို ရောင်းချသွားမယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် Olympic Games ကို ရွေ့ဆိုင်းလိုက်ရတာနဲ့အတူ အဆိုပါဖုန်းထုတ်လုပ်ဖို့ကိုလည်း တရားဝင်ဖျက်သိမ်းလိုက်ပါပြီ။

Samsung ဟာ Galaxy S20+ Olympic Games Edition ဖုန်းကို လာမယ့် ဇူလိုင်လ ၂၀၂၀ ခုနှစ်အတွင်းမှာ ရောင်းချသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ အခုအချိန်မှာ Olympic Games ကျင်းပသွားဖို့က COVID-19 ဗိုင်းရပ်စ်ကြောင့် ရွေ့ဆိုင်းလိုက်ရတဲ့အတွက် အခုလိုမျိုး ထုတ်လုပ်မှုကို ဖျက်သိမ်းတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုဖျက်သိမ်းမှုဟာ Samsung ဘက်ကနေ ဖျက်သိမ်းတာလား၊ Japanese Carrier ဖြစ်တဲ့ NTT Docomo ကနေဖျက်သိမ်းတာလားဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဖြစ်နိုင်တာကတော့ Olympic Games တွေကို လာမယ့် ၂၀၂၁ မှာ ပြောင်းလဲကျင်းပနိုင်ဖို့စီစဥ်နေပြီးတော့ အဲ့ဒီအချိန်ကြမှပဲ Samsung ကနေ နောက်ထပ် S Series ဒါမှမဟုတ် Galaxy Note 20 ကို Olympic Games Edition ဆိုပြီး မိတ်ဆက်သွားမယ့် ပုံစံပါပဲ။

Ref – Gizmo China