Samsung က Exynos Chipset ပါတဲ့ Galaxy S20 Series တွေမှာ ကင်မရာ ပြဿနာကို ဖြေရှင်းပေးထားတဲ့ Software Update ကို ပြီးခဲ့တဲ့ ၁ ပတ်က ဖြန့်ချိခဲ့ပြီး အခုတော့ တခြား နိုင်ငံတွေအတွက်ပါ တိုးချဲ့ ဖြန့်ချိပေးလိုက်ပါတယ်။ အမေရိကန်က Snapdragon Chipset ပါတဲ့ မော်ဒယ်တွေမှာပါ ရရှိနေပြီ ဖြစ်ပါတယ်။ အခုဆိုရင် Samsung Camera App ရဲ့ Build Number ဟာ 10.0.01.98 ဖြစ်ပါတယ်။

S20 Ultra ရဲ့ Autofocus နဲ့ Skin Tone ပြဿနာတွေကိုလည်း OTA Update နဲ့ ဖြေရှင်းပေးခဲ့ပြီး အခုတော့ ဂျာမနီနဲ့ အမေရိကန်က S20 Ultra, S20+ နဲ့ S20 Users ( Carrier Locked ရော၊ SIM-free Units) တွေအတွက် ရရှိနေပါပြီ။

Update ရဲ့ Build Number ဟာ G98xxXXUxATCH ဖြစ်ပြီး “xx” ဟာ သင်ပိုင်တဲ့ S20 Device အလိုက် ကွဲပြားမှာ ဖြစ်ပါတယ်။ “U” စာလုံးဟာ Carrier-locked Device ဖြစ်ပြီး “U1” ဟာ Carrier Unlocked ဖုန်းတွေ ဖြစ်ပါတယ်။ Update ရဲ့ အရွယ်အစားဟာ သင့် စမတ်ဖုန်း မော်ဒယ်အပေါ်မူတည်ပြီး 366MB နဲ့ 415MB အကြား ရှိပါတယ်။ Update မှာ စွမ်းဆောင်ရည် တည်ငြိမ်လာပြီး Bugs တွေကို ပြင်ဆင်ထားပါတယ်။

Ref : gsmarena