ပြီးခဲ့တဲ့ ရက်ပိုင်းက Samsung Galaxy S20 Series တွေရဲ့ အမေရိကန် ရောင်းဈေး ထွက်ပေါ်လာခဲ့ပြီး အခုတော့ ဥရောပ ရောင်းဈေးကို သိလာရပါပြီ။ Galaxy S20 ရဲ့ 8GB/128GB ကို ဥရောပမှာ ၈၉၉ ယူရိုသတ်မှတ်ထားနိုင်ပြီး တချို့နိုင်ငံတွေမှာ ၉၀၉ ယူရို ပေးရမှာပါ။ 5G မော်ဒယ်ကို လိုချင်ရင် ၁၀၀ ယူရို ပိုပေးရမှာဖြစ်ပြီး RAM ပိုများမှာပါ။

S20+ ရဲ့ 4G မော်ဒယ်ကိုတော့ ၉၉၉ ယူရို သတ်မှတ်ထားပါတယ်။ S20 Ultra ရဲ့ 5G မော်ဒယ်ဟာ ၁,၃၄၉ ယူရိုက စပါတယ်။ S20 လိုပဲ Plus နဲ့ Ultra မော်ဒယ်တွေဟာ တချို့ ဥရောပ နိုင်ငံတွေမှာ ဈေးပိုပေးရမှာပါ။ ဈေးနှုန်း အသေးစိတ်ကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Samsung Galaxy S20 (8GB/128GB): €899/909 (၁၄ သိန်း ၃ သောင်း/ ၁၄ သိန်း ၄ သောင်းခွဲ ဝန်းကျင်)
  • Samsung Galaxy S20 5G (12GB /128GB): €999/1,009 (၁၅ သိန်း ၈ သောင်း/ ၁၇ သိန်း ၄ သောင်း ဝန်းကျင်)
  • Samsung Galaxy S20+ (8GB/128GB): €999/1,009 (၁၅ သိန်း ၈ သောင်း/ ၁၇ သိန်း ၄ သောင်း ဝန်းကျင်)
  • Samsung Galaxy S20+ 5G (12GB/128GB): €1,099/1,109 ( ၁၇ သိန်း ၅ သောင်း/ ၁၇ သိန်း ၆ သောင်း ဝန်းကျင်)
  • Samsung Galaxy S20 Ultra 5G (12GB/128GB): €1,349/1,359 ( ၂၁ သိန်း ၄ သောင်း/ ၂၁ သိန်း ၆ သောင်း ဝန်းကျင်)
  • Samsung Galaxy S20 Ultra 5G (16GB/512GB): €1,549/1,559 ( ၂၄ သိန်း ၆ သောင်း/ ၂၄ သိန်း ၈ သောင်း ဝန်းကျင်)

Samsung က ဒီ ဈေးနှုန်းတွေကို တရားဝင် ကြေညာလိုက်တာ မဟုတ်ပါဘူး။ မနက်ဖြန်မှာ S20 Series တွေကို တရားဝင် ကြေညာတော့မှာဖြစ်ပြီး Specs နဲ့ ဈေးနှုန်းတွေကို တရားဝင် သိရတော့မှာပါ။

Ref : gsmarena