[Unicode]

Galaxy S20 Series တွေကို ကြေညာဖို့ ၁ လလောက်ပဲလိုပါတော့တယ်။ ကြေညာဖို့ နီးကပ်လာတာနဲ့အမျှ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေလည်း အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ S20 Series ထဲမှာ စွမ်းရည်အမြင့်ဆုံးဖြစ်တဲ့ S20 Ultra 5G ရဲ့ Key Specs တွေကို သိလိုက်ရပါပြီ။ XDA Developers မှ Max Weinbach ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။

သူက S20 Ultra 5G မှာ 108MP Main , 48MP (10x Optical Zoom) နဲ့ 12MP Ultrawide Angle ကင်မရာတွေ ပါမယ်လို့ ပြောပါတယ်။ စုစုပေါင်း ကင်မရာ ၄ လုံးဖြစ်ပေမယ့် နောက် ၁ လုံးအကြောင်းကို သူက မပြောထားပါဘူး။ 12 or 16GB RAM ပါလာမှာ ဖြစ်ပြီး ဒီနှစ်ထုတ် ဖုန်းတွေမှာ 16GB RAM ထည့်ပေးလာကြတော့မယ်လို့ သတင်းထွက်နေပါတယ်။

အခြေခံမော်ဒယ်မှာ 128GB Storage ပါလာမှာဖြစ်ပြီး 256GB နဲ့ 512GB တွေလည်း ရွေးချယ်နိုင်ပါတယ်။ ဒါနဲ့တင် မကျေနပ်သေးရင်လည်း 1TB အထိဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 45W Fast Charge ပါတဲ့ အရွယ်ကြီး 5000mAh ဘက်ထရီ ပါလာမှာပါ။ ၀ ကနေ ၁၀၀ ရာခိုင်နှုန်းကို ၇၄ မိနစ်အတွင်း အားဖြည့်ပေးနိုင်ပါတယ်။

Samsung က စွမ်းရည်မြင့် ဖုန်းတွေအတွက် Single SIM နဲ့ Dual SIM မော်ဒယ်တွေ ထုတ်လုပ်လေ့ရှိပါတယ်။ Max က S20 ဖုန်းအားလုံးမှာ eSIM Support ပါနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ Physical Dual SIM Slot တွေ အဆုံးသတ်တော့မယ့်ပုံပေါ်ပါတယ်။ ဒါမှမဟုတ် Single SIM တွေ မပါလာနိုင်တော့ပါဘူး။ Physical SIM Slot ၂ ခုပါတဲ့ ဖုန်းတွေကို နိုင်ငံတော်တော်များများမှာ အသုံးများနေကြတဲ့အတွက် Samsung က Single SIM Support ကိုပဲ ဖယ်ရှားနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy S20 Ultra 5G ရဲ႕ Key Specs ေတြထြက္ေပၚလာ

Galaxy S20 Series ေတြကို ေၾကညာဖို႔ ၁ လေလာက္ပဲလိုပါေတာ့တယ္။ ေၾကညာဖို႔ နီးကပ္လာတာနဲ႔အမွ် အဲဒီဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြလည္း အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ S20 Series ထဲမွာ စြမ္းရည္အျမင့္ဆုံးျဖစ္တဲ့ S20 Ultra 5G ရဲ႕ Key Specs ေတြကို သိလိုက္ရပါၿပီ။ XDA Developers မွ Max Weinbach ကေန ဒီသတင္းထြက္လာတာ ျဖစ္ပါတယ္။

သူက S20 Ultra 5G မွာ 108MP Main , 48MP (10x Optical Zoom) နဲ႔ 12MP Ultrawide Angle ကင္မရာေတြ ပါမယ္လို႔ ေျပာပါတယ္။ စုစုေပါင္း ကင္မရာ ၄ လုံးျဖစ္ေပမယ့္ ေနာက္ ၁ လုံးအေၾကာင္းကို သူက မေျပာထားပါဘူး။ 12 or 16GB RAM ပါလာမွာ ျဖစ္ၿပီး ဒီႏွစ္ထုတ္ ဖုန္းေတြမွာ 16GB RAM ထည့္ေပးလာၾကေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

အေျခခံေမာ္ဒယ္မွာ 128GB Storage ပါလာမွာျဖစ္ၿပီး 256GB နဲ႔ 512GB ေတြလည္း ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဒါနဲ႔တင္ မေက်နပ္ေသးရင္လည္း 1TB အထိဝင္ဆန႔္တဲ့ microSD Card စိုက္ႏိုင္ပါတယ္။ 45W Fast Charge ပါတဲ့ အ႐ြယ္ႀကီး 5000mAh ဘက္ထရီ ပါလာမွာပါ။ ၀ ကေန ၁၀၀ ရာခိုင္ႏႈန္းကို ၇၄ မိနစ္အတြင္း အားျဖည့္ေပးႏိုင္ပါတယ္။

Samsung က စြမ္းရည္ျမင့္ ဖုန္းေတြအတြက္ Single SIM နဲ႔ Dual SIM ေမာ္ဒယ္ေတြ ထုတ္လုပ္ေလ့ရွိပါတယ္။ Max က S20 ဖုန္းအားလုံးမွာ eSIM Support ပါႏိုင္တယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ Samsung ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြမွာ Physical Dual SIM Slot ေတြ အဆုံးသတ္ေတာ့မယ့္ပုံေပၚပါတယ္။ ဒါမွမဟုတ္ Single SIM ေတြ မပါလာႏိုင္ေတာ့ပါဘူး။ Physical SIM Slot ၂ ခုပါတဲ့ ဖုန္းေတြကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အသုံးမ်ားေနၾကတဲ့အတြက္ Samsung က Single SIM Support ကိုပဲ ဖယ္ရွားႏိုင္ပါတယ္။

Ref : gizmochina