Samsung ကနေ ဒီနှစ်အတွက် အစောဆုံး Flagship စမတ်ဖုန်းတွေလို့ ပြောလို့ရမယ့် Galaxy S20 Series ဖုန်းတွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီ Galaxy S20 Series ဖုန်းတွေထဲက အကောင်းဆုံးလို့ ပြောနိုင်တဲ့ Galaxy S20 Ultra နဲ့ Galaxy Z Flip ဖုန်းတွေဟာ ဒေါ်လာ ၁,၃၉၉ နဲ့ ဒေါ်လာ ၁,၃၈၀ အသီးသီးကျသင့်မှာဖြစ်ပြီးတော့ Samsung ရဲ့ ယခုနှစ်အတွက် စျေးအကြီးဆုံး Flagship ဖုန်းတွေလို့ ပြောလို့ရပါတယ်။

အရင်ဆုံး Galaxy S20 Ultra စမတ်ဖုန်းဟာ ဒီ Galaxy S20 ဖုန်းတွေထဲမှာ Screen Size 6.9″ ရှိတဲ့အတွက် အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။ Display ကိုတော့ QHD+ Dynamic AMOLED Display ကိုပဲ သုံးစွဲပေးထားပြီးတော့ FHD+ Resolution မှာဆိုရင် 120Hz Refresh Rate ကို Support ပေးနိုင်မှာပါ။ Selfie Camera ကိုတော့ 10MP Sensor အစား 4-in-1 Pixel Binning ကို အသုံးပြုထားတဲ့ 40MP Sensor ကို အသုံးပြုလာတာလည်းဖြစ်ပါတယ်။

Selfie Camera အပြင် Galaxy S20 Ultra မှာ အဓိကအားသာချက်ကတော့ Back Camera Setup ပဲဖြစ်မှာပါ။ Galaxy S20 Ultra ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး 108MP Primary Sensor ကို အသုံးပြုထားတာဖြစ်သလို တခြား 108MP ဖုန်းတွေအသုံးပြုခြင်းမရှိသေးတဲ့ 9-in-1 Pixel Binning နည်းပညာကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Default အနေနဲ့ Pixel Size 2.4µm ရှိတဲ့ 12MP ဓါတ်ပုံတွေကိုထုတ်ပေးမှာဖြစ်ပြီး Low Light ပိုင်းနဲ့ Details ပိုင်းမှာ သိသိသာသာကို ပိုပြီးကောင်းမွန်လာမှာပါ။

Telephoto Sensor ကိုတော့ 4-in-1 Pixel Binning နည်းပညာကို အသုံးပြုထားတဲ့ 48MP Periscope Sensor ကို အသုံးပြုထားပါတယ်။ အဆိုပါ Sensor ကနေ 5x Optical Zoom ၊ 10x Hybrid Zoom နဲ့ 100x Space Zoom လိုမျိုး Feature တွေအထိ Support ပြုလုပ်နိုင်တာလည်းဖြစ်ပါတယ်။

ကျန်တဲ့ Sensor တွေအနေနဲ့ကတော့ 12MP Ultrawide Camera နဲ့ ToF DepthVision Sensor တွေပါဝင်ဦးမှာပါ။ Video ပိုင်းအနေနဲ့ 8K Video Recording ကို Support ပြုလုပ်မှာဖြစ်သလို 4K 60fps Video တွေကိုလည်း OIS နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Battery ပိုင်းအနေနဲ့လည်းး Samsung Flagship ဖုန်းတွေထဲမှာ အများဆုံးဖြစ်တဲ့ 5000mAh Battery ပါဝင်လာမှာဖြစ်ပြီး 45W Fast Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။ Wireless Charging အနေနဲ့ကတော့ 15W Charging ကို Support ပြုလုပ်မှာပါ။

Perfomrance ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 865 သို့မဟုတ် Samsung Exynos 990 5G Chipset တွေကို အသုံးပြုလာမှာဖြစ်ပြီး RAM 12GB ၊ 128GB Storage Version ကို ဒေါ်လာ ၁,၃၉၉ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ RAM 16GB ၊ 512GB Version ကိုတော့ ဒေါ်လာ ၁,၅၉၉ (မြန်မာငွေ ၂၃ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

နောက်ထပ်လည်း Galaxy Z Flip နာမည်နဲ့ Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်ခဲ့ပါသေးတယ်။ အဆိုပါ Galaxy Z Flip ဖုန်းဟာလည်း စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၃၈၀ (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Galaxy Z Flip စမတ်ဖုန်းဟာ ထူးခြားချက်အနေနဲ့ 6.7″ 22:9 Ultra Thin Glass Display ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Resolution အနေနဲ့ကတော့ Full HD+ ပဲရှိမှာဖြစ်ပြီး Refresh Rate အနေနဲ့လည်း 60Hz ကိုပဲ Support ပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Display ကို ခေါက်ထားတဲ့အချိန်မှာ Notification နဲ့ Selfie Camera အတွက် 1.1″ Secondary Display တစ်ခုကို အပြင်ဘက်မှာထည့်သွင်းပေးထားပါသေးတယ်။

Performance ပိုင်းအနေနဲ့ကတော့ Galaxy Z Flip က မနှစ်တုန်းက Flagship Processor ဖြစ်တဲ့ Snapdragon 855+ ကိုပဲ အသုံးပြုထားပြီး 4G Network ကိုပဲ Support ပေးမှာဖြစ်ပါတယ်။ RAM အနေနဲ့ 8GB ပါဝင်မှာဖြစ်ပြီး 256GB Storage ပါဝင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 12MP f1.8 Primary Sensor အပြင် 12MP f2.2 Ultrawide Sensor ကိုပဲထည့်သွင်းပေးထားပြီး Selfie Camera ကိုတော့ 10MP Sensor ကို ထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ကတော့ 3300mAh ပဲပါဝင်မှာဖြစ်သလို 15W Charging ကိုပဲ Support ပြုလုပ်မှာပါ။

အခု Galaxy Z Flip စမတ်ဖုန်းဟာ Specs တွေအရတော့ Galaxy S20 Ultra နဲ့ယှဥ်လို့မရပေမယ့်လည်း Foldable Phone တစ်လုံးအနေနဲ့ကတော့ တော်တော်လေးကို တန်တယ်လို့ ပြောရမှာပါ၊ တဖက်မှာတော့ Galaxy S20 Ultra ဖုန်းက လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံး Flagship ဖုန်းဖြစ်လာပါပြီ။

Ref – GSM Arena