[Unicode]

၂၀၂၀ ခုနှစ်မှာ Samsung မိတ်ဆက်မယ့် စွမ်းရည်မြင့် ဖုန်းတွေကို ပုံမှန်အတိုင်းဆိုရင် Galaxy S11 လို့ နာမည်ပေးထားမှာပါ။ ဒါပေမယ့် Galaxy S11 အစား Galaxy S20 Series လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ ကုမ္ပဏီက ဒီသတင်းကို တရားဝင် မပြောသေးပါဘူး။ မော်ဒယ် ၃ မျိုး ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်လာပြီး Galaxy S20 , Galaxy S20 Plus နဲ့ Galaxy S20 Ultra တို့ ဖြစ်ပါတယ်။ Galaxy S20e တော့ မပါလာပါဘူး။

တွစ်တာကနေ Galaxy S20 ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ထွက်လာပြီး Galaxy S20 မှာ ၆.၂ လက်မ မျက်နှာပြင်နဲ့ Galaxy S20 Plus မှာ ၆.၇ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။ Galaxy S20 Ultra မှာတော့ ၆.၉ လက်မ မျက်နှာပြင် ထည့်သွင်းထားမှာပါ။ စမတ်ဖုန်း ၃ လုံးစလုံးက အရွယ်အစား ကြီးမားကြပြီး မျက်နှာပြင်ဘေးဘောင်တွေ အရမ်းကို ပါးလွှာမယ်လို့ ထင်ရပါတယ်။

Samsung Galaxy S10 Series တွေအတွက် မော်ဒယ် ၄ မျိုးတောင် ထုတ်လုပ်ပေးထားပြီး S10e, S10, S10+ နဲ့ 5G မော်ဒယ်တွေ ဖြစ်ပါတယ်။ Qualcomm အသစ်စက်စက် ကြေညာထားတဲ့ Snapdragon 865 SoC မှာ 5G ပါလာပြီး အဲဒီ SoC ကို Galaxy S20 Series တွေမှာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy S11 မဟုတ္ဘဲ Galaxy S20 Ultra နာမည္နဲ႔ ထြက္လာႏုိင္

၂၀၂၀ ခုႏွစ္မွာ Samsung မိတ္ဆက္မယ့္ စြမ္းရည္ျမင့္ ဖုန္းေတြကို ပံုမွန္အတုိင္းဆိုရင္ Galaxy S11 လို႔ နာမည္ေပးထားမွာပါ။ ဒါေပမယ့္ Galaxy S11 အစား Galaxy S20 Series လို႔ နာမည္ေပးထားမယ္လို႔ သတင္းထြက္လာပါတယ္။ ကုမၸဏီက ဒီသတင္းကို တရား၀င္ မေျပာေသးပါဘူး။ ေမာ္ဒယ္ ၃ မ်ိဳး ထုတ္လုပ္ေပးမယ္လို႔ သတင္းထြက္လာၿပီး Galaxy S20 , Galaxy S20 Plus နဲ႔ Galaxy S20 Ultra တို႔ ျဖစ္ပါတယ္။ Galaxy S20e ေတာ့ မပါလာပါဘူး။

တြစ္တာကေန Galaxy S20 ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္လာၿပီး Galaxy S20 မွာ ၆.၂ လက္မ မ်က္ႏွာျပင္နဲ႔ Galaxy S20 Plus မွာ ၆.၇ လက္မ မ်က္ႏွာျပင္ ပါလာမယ္လို႔ သိရပါတယ္။ Galaxy S20 Ultra မွာေတာ့ ၆.၉ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားမွာပါ။ စမတ္ဖုန္း ၃ လံုးစလံုးက အရြယ္အစား ႀကီးမားၾကၿပီး မ်က္ႏွာျပင္ေဘးေဘာင္ေတြ အရမ္းကို ပါးလႊာမယ္လို႔ ထင္ရပါတယ္။

Samsung Galaxy S10 Series ေတြအတြက္ ေမာ္ဒယ္ ၄ မ်ိဳးေတာင္ ထုတ္လုပ္ေပးထားၿပီး S10e, S10, S10+ နဲ႔ 5G ေမာ္ဒယ္ေတြ ျဖစ္ပါတယ္။ Qualcomm အသစ္စက္စက္ ေၾကညာထားတဲ့ Snapdragon 865 SoC မွာ 5G ပါလာၿပီး အဲဒီ SoC ကို Galaxy S20 Series ေတြမွာ ထည့္သြင္းထားႏိုင္ပါတယ္။

Ref : gizmochina