Samsung ဟာ လက်ရှိအချိန်မှာ Galaxy S20 Series ဖုန်းတွေအတွက် OneUI 4 Beta ကို စမ်းသပ်နေတာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ အခုအချိန်ကစတင်ပြီး Galaxy S20 ဖုန်းတွေအတွက် Beta Update တွေအစား OneUI 4 Stable Update ကိုပဲ ထုတ်ပေးသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။

အခုပြောကြားချက်ကတော့ Samsung ရဲ့ Beta Operations Manager ကနေ တိုက်ရိုက်လာတာဖြစ်တာကြောင့် ကျိန်းသေပေါက်တရားဝင်ဖြစ်လာမှာပါ။ သူ့ရဲ့ ပြောကြားချက်အရတော့ Samsung Galaxy S20 ဖုန်းတွေအတွက် နောက်ထပ် Beta Update ထုတ်ပေးသွားဖို့မရှိတော့ဘဲ Stable Update ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy S20 Series ဖုန်းတွေဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ Android 12 ကို အခြေခံထားတဲ့ OneUI 4 Stable Update ကို ရရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ Samsung ရဲ့ တရားဝင် OneUI 4 Update Roadmap အရလည်း ဇန်နဝါရီလမှာ Update ထွက်ရှိမှာဖြစ်တာကြောင့် ခန့်မှန်းထားတဲ့အချိန်အတိုင်း Update ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Samsung ကနေ ဘယ် Galaxy S20 စမတ်ဖုန်းက အရင်ဆုံး Update ရရှိမလဲဆိုတာကို ပြောကြားခြင်းမရှိခဲ့တာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Flagship Galaxy S20 Series ဖုန်းတွေအရင် Update ရရှိမှာဖြစ်ပြီး Galaxy S20 FE လိုမျိုး ဖုန်းတွေကတော့ အချိန်ဆက်လက်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – GSM Arena