အခုအထိ တရားဝင်မကြေညာရသေးတဲ့ Samsung Galaxy S21 FE ရဲ့ သတင်းတွေက အဆုံးသတ်မသွားသေးပါဘူး။ ဒီတစ်ခါထွက်လာတာကတော့ Galaxy S21 FE ရဲ့ ဈေးကွက်ချဲ့ထွင်ရေးဆိုင်ရာနဲ့ပတ်သက်တဲ့ ဒီဇိုင်းပိုင်းဖြစ်ပါတယ်။ အထူးသဖြင့် Galaxy S21 FE ရဲ့ ဒီဇိုင်းပိုင်းကို ပြသထားတာပါ။

Galaxy S21 FE ရဲ့ ဒီဇိုင်းပိုင်းနဲ့အပြင် တူညီတဲ့သတင်းရင်းမြစ်တစ်ခုတည်းကနေ ထပ်သိလာရတာက Device ရဲ့ Specs တွေဖြစ်ပါတယ်။ ဒီ Specs list ဟာ အရောင်းဆိုင်တွေမှာ ဖော်ပြမဲ့စာရင်းဖြစ်ပြီး Device ကိုလည်း လာမဲ့ဇန်နဝါရီလထဲမှာ မြင်တွေ့ရတော့ဖို့ သေချာသလောက်ဖြစ်နေပါပြီ။

ပေါက်ကြားမှုအရသိနိုင်တာက Galaxy S21 FE 5G ဟာ 6.4-inch FHD+ 120Hz AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ Punch-hole နဲ့ Selfie camera ကတော့ မျက်နှာပြင်အပေါ်ဘက်အလယ်မှာ ရှိနေတာပါ။ ကျောဘက်မှာ ကင်မရာသုံးလုံးတပ်ဆင်ထားတာကိုတွေ့မြင်နိုင်ပြီး အဓိကကင်မရာက 64MP လို့ သိရပါတယ်။ အခြားအချက်အလက်အဖြစ် 6GB of RAM ထည့်သွင်းထားတာကိုလည်း သိရှိရပါတယ်။

အခုအချက်အလက်တွေသာအမှန်ဖြစ်မယ်ဆိုရင် Galaxy S21 FE 5G ဟာ ကျောဘက်မှာ 64MP အဓိကကင်မရာ၊ Ultrawide နဲ့ Depth sensor တို့ပဲပါဝင်ပါပြီး Telephoto ကို ချပ်လှပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ Punch-hole ထဲက Selfie ကင်မရာကတော့ 32MP လို့ ဆိုပါတယ်။ Galaxy S21 FE 5G မှာ Snapdragon 888 ဒါမှမဟုတ် Exynos 2100 ကို ဈေးကွက်ပေါ်မူတည်ပြီး အသုံးပြုသွားမယ်လို့ သိရပါတယ်။

White, Lavender, Cream, Black စတဲ့အရောင်တွေရှိပြီး ဈေးနှုန်းကတော့ “great price” ဖြစ်မယ်လို့ ရည်ညွှန်းထားပါတယ်။ 4,500 mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး 15W charging ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒီအတွက် အနည်းငယ်တော့ စိတ်ပျက်စရာဖြစ်ရပါလိမ့်မယ်။ လုံခြုံရေးပိုင်းအတွက် In-display fingerprint scanner တပ်ဆင်ပေးထားပါတယ်။

Ref: GSM Arena