ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Samsung Galaxy S21 FE ရဲ့ အရည်အသွေးမြင့်ရုပ်ပုံကို Winfuture က ဖြန့်ချိခဲ့ပါသေးတယ်။ ဒီနောက်မှာတော့ Galaxy S21 FE ရဲ့ အရောင်တွေအကြောင်း အတည်ပြုနိုင်တဲ့ ရုပ်ပုံတွေလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

Galaxy S21 FE ဟာ Global variant လိုမျိုးပဲ တူညီတဲ့ပုံစံနဲ့ ဈေးကွက်ထဲကို ရောက်လာမယ်လို့ ယုံကြည်ရပါတယ်။ အဓိပ္ပါယ်ကတော့ Samsung အနေနဲ့ Device ကို လာမဲ့ ၂၀၂၂ ခုနှစ်အစမှာ ရွေးချယ်စရာအရောင် လေးမျိုးနဲ့စတင်ဖြန့်ချိမယ် ဆိုတာပါပဲ။ SamMobile ရဲ့ ကနဦးဖော်ပြချက်တွေအရ Galaxy S21 FE ကို လာမဲ့ ဇန်နဝါရီလ ပထမလဝက်အတွင်း ရရှိမယ်လို့ သိနိုင်ပါတယ်။

မကြာခင်ကပဲ အိန္ဒိယဈေးကွက်အတွင်းကဖောက်သည်တွေအနေနဲ့ Galaxy S21 FE ကို ရယူဖို့ အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုတော့ဘူးဆိုတဲ့ သတင်းတစ်ခုထွက်ပေါ်လာပါသေးတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းက ပေါက်ကြားခဲ့တဲ့ Renders တွေနဲ့တူညီတဲ့ အရောင်လေးမျိုးနဲ့ ထွက်ပေါ်လာမယ်ဆိုတာ သံသယဖြစ်စရာ မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။

Samsung Galaxy S21 FE ကို Black, White, Purple နဲ့ Green စတဲ့ အရောင်လေးမျိုးနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယဈေးကွက်ကလည်း Galaxy S21 FE ကို အစောဆုံးရရှိနိုင်မဲ့ဈေးကွက်ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။ Device ကို Snapdragon 888 နဲ့ Exynos 2100 နှစ်မျိုးတပ်ဆင်ထားပြီး ဈေးကွက်အလိုက် တင်ပို့ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်ကိုတော့ Exynos variant တင်ပို့ဖွယ်ရှိပါတယ်။ ဥရောပဈေးကွက်လည်း Galaxy S21 FE ကို ခပ်စောစောရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ကောလဟလထွက်ထားတဲ့ဈေးနှုန်းကတော့ 8/128GB ကို €649 ကျသင့်မှာဖြစ်ပြီး 8/256GB ကတော့ €699 အထိ ကျသင့်သွားမှာ ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးတဲ့ Specs တွေကတော့ 6.41-inch 1080p 120Hz AMOLED, 4,500mAh ဘက်ထရီ၊ 12MP အဓိကကင်မရာနဲ့ Ultrawide + 8MP telephoto ကင်မရာတွေဖြစ်ပါတယ်။

Ref: GSM Arena