Samsung Galaxy S21+ ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ YouTuber Random Stuff 2 က မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီ စမတ်ဖုန်းရဲ့ Unofficial Review ဗီဒီယိုကို မျှဝေလိုက်ပါတယ်။

Samsung Galaxy S21+ handled in unofficial video review

ဗီဒီယိုအရ အဲဒီ စမတ်ဖုန်းမှာ ၆.၇ လက်မ Dynamic AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ အရမ်းကို ပါးလွှာတာ မြင်ရပါတယ်။ ဗီဒီယိုမှာ ဘေးဘက်နဲ့ အနောက်ဘက်တွေကိုလည်း မြင်ရပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အဲဒီ ကင်မရာတွေက 12MP Main , 64MP Telephoto နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ Telephoto ကင်မရာက 3x Optical Zoom ကို ထောက်ပံ့ပါတယ်။

Samsung Galaxy S21+ handled in unofficial video review

ဗီဒီယို Review မှာ ဘက်ထရီက 4,500mAh ပါမယ်လို့ သတင်းပေးထားပြီး သာမာန် သုံးရင် ၁ ရက်လောက် ကောင်းကောင်း သုံးလို့ရတယ်လို့ ပြောပါတယ်။ သူက Storage Version ၂ မျိုးပါလာမယ်လို့ ပြောပြီး 128GB နဲ့ 256GB တို့ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ Snapdragon 888 Chipset  မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

အဲဒီ ဗီဒီယို Review အပြည့်အစုံကို အောက်မှာ လေ့လာကြည့်ပါ။

Ref : gsmarena