Galaxy S20 Series ဟာ စျေးကြီးတဲ့အပြင် ကမ္ဘာ့ကပ်ရောဂါကြောင့် ရောင်းအား သိပ်မကောင်းဘူးလို့ သိရပါတယ်။ အဲဒီအတွက် Samsung ဟာ စက်တင်ဘာလမှာ ဈေးချိုတဲ့ Galaxy S20 FE (Fan Edition) ကို ကြေညာခဲ့ပါတယ်။ နောက်မျိုးဆက် Galaxy S21 Series ကို ဇန်နဝါရီလမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီဖုန်းတွေရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ အရောင်နဲ့ ထုတ်လုပ်တဲ့ နိုင်ငံတွေကို သိလာရပါပြီ။

Galaxy S21 Ultra Render

Galaxy S21 Series အတွက် Galaxy S20 Series လိုပဲ ၃ လုံး ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပြီး အဲဒီဖုန်း အားလုံးရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်ထားပါတယ်။ ဓါတ်ပုံတွေအရ Galaxy S21 နဲ့ Galaxy S21+ မှာ မျက်နှာပြင်ပြားပါလာပြီး Galaxy S21 Ultra မှာတော့ မျက်နှာပြင်ကွေး ထည့်သွင်းထားပါတယ်။ ဖုန်း အားလုံးမှာ အနောက်ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။

First Samsung Galaxy S21 and S21 Ultra images show redesigned camera bumps - GSMArena.com news

Ross Young of DSCC (Display Supply Chain Consultants) က Galaxy S21 Series ရဲ့ အရောင်တွေကို တွစ်တာမှာ မနေ့ကပဲ သတင်းပေးခဲ့ပါတယ်။

• Galaxy S21
o Gray
o Pink
o Violet
o White
• Galaxy S21+
o Black
o Silver
• Galaxy S21 Ultra
o Black
o Silver
o Violet

သူက အဲဒီဖုန်းတွေကို Brazil, Indonesia, Korea နဲ့ Vietnam မှာ ထုတ်လုပ်မယ်လို့လည်း သတင်းပေးလိုက်ပြီး ထူးခြားတာက Samsung ရဲ့ အိန္ဒိယက အကြီးမားဆုံး ဖုန်း ထုတ်လုပ်တဲ့ စက်ရုံကနေ စွမ်းရည်မြင့် Galaxy S Series တွေ မထုတ်သေးတာပါ။ အထက်ဖော်ပြပါ အရောင်တွေ အပြင် တခြား အရောင်တွေလည်း ပါလာနိုင်ပါတယ်။
Ref : gizmochina