Samsung ဟာ နောက်နှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ Galaxy S21 Series ကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို နာမည်ကျော် Leaker ၁ ယောက် ဖြစ်တဲ့ Jon Prosser က အသိပေးလိုက်တာ ဖြစ်ပြီး သူဟာ iPhone 12 Series ကြေညာမယ့် သတင်းကိုလည်း အတိအကျ ပေးနိုင်ခဲ့တဲ့ သူပါ။

စွမ်းဆောင်ရည်မြင့် Samsung Galaxy S Series ကို ကြေညာခဲ့တဲ့ သမိုင်းတလျှောက်မှာ ဇန်နဝါရီလဆိုတာ အစောဆုံး ဖြစ်ပါတယ်။ Jon Prosser က ကြေညာတဲ့ နေ့မှာပဲ ကြိုတင်မှာယူခွင့်ပေးမယ်လို့ ပြောပါတယ်။ ကြေညာပြီး ၂ ပတ်အကြာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။

Samsung Galaxy S21 Ultra specs leak online - CNET

Jon Prosser က Galaxy S21 မော်ဒယ် ၃ လုံး ထုတ်လုပ်ထားမယ်လို့ သတင်းပေးထားပြီး Galaxy S21 , Galaxy S21+ နဲ့ Galaxy S21 Ultra ဖြစ်ပါတယ်။ အရောင်ကတော့ ၆ မျိုးတောင် ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Galaxy S21 အတွက် Gray , Pink , Violet နဲ့ White အရောင်နဲ့ Galaxy S21+ အတွက် Black , Silver အရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။ Ultra အတွက် Black , Silver နဲ့ Violet ၃ ရောင် ပါလာမှာပါ။

အဲဒီ စမတ်ဖုန်းတွေကို Brazil , Indonesia, South Korea နဲ့ Vietnam နိုင်ငံတွေမှာ ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Ref : gsmarena