Samsung ဟာ Galaxy S22 စမတ်ဖုန်းတွေရဲ့ တရုတ်မျိုးကွဲတွေကို 3C မှာ Certified ရထားတာကို တွေ့မြင်ရပါတယ်။ Listing အရ  တွေ့မြင်နိုင်တာက ဒီ Galaxy S22 တွေအားလုံးကို 25W wired fast charging ထက်ပိုပြီး ထောက်ပံ့ပေးထားခြင်းမရှိဘူး ဆိုတာပါပဲ။

Samsung အနေနဲ့ Galaxy S22 အားလုံးကို 45W standard အဖြစ် ပေးထားတာမရှိပါဘူး။ Galaxy S22 Ultra တော့ မပါဝင်ပါဘူး။ ဒါကြောင့် အစောပိုင်းကထွက်ခဲ့တဲ့ ကောလာဟလတွေအားလုံး လွဲကုန်ပြီလို့ ဆိုနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ဖွယ်အဖြေက Qualcomm-powered units တွေဖြစ်တာကြောင့်လို့ ဆိုရပါလိမ့်မယ်။

Exynos 2200 နဲ့ AMD ရဲ့ Custom-made GPU နဲ့ Galaxy S22 ကတော့ မြန်ဆန်တဲ့နှုန်းထားနဲ့ပဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအမျိုးအစားကလည်း တရုတ်ဈေးကွက်ကို ရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် 3C ရဲ့ စာရွက်စာတမ်းတွေမှာ ပါဝင်လာခြင်း မရှိပြန်ပါဘူး။ ဒါကို မော်ဒယ်နံပါတ်တွေအရ သိနိုင်ပါတယ်။

SM-S9010, SM-S9060 နဲ့ SM-S9080 တို့ဟာ Galaxy S22, Galaxy S22+ နဲ့ Galaxy S22 Ultra အသီးသီးဖြစ်ကြပါတယ်။ နောက်ဆုံးအက္ခရာတွေက 0 တွေဖြစ်ကြပြီး ဒါတွေဟာ တရုတ်ဈေးကွက်အတွက်သတ်မှတ်ထားတဲ့ အမျိုးအစားတွေလည်းဖြစ်ပါတယ်။ ဒီမော်ဒယ်တွေအားလုံးဟာ လွန်ခဲ့တဲ့ ၂၀၁၉ သြဂုတ်လကတည်းက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ မှတ်တမ်းဝင်စာရင်းထဲက Galaxy Note 10 မှာအသုံးပြုခဲ့တဲ့ EP-TA800 25W adapter ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။

အကယ်၍ Samsung ဟာ လာမဲ့ မျိုးဆက်သစ်တွေမှာလည်း 25W ကိုပဲ ဆက်ပြီးသုံးနေဦးမယ်ဆိုရင်တော့ ပြိုင်ဘက်တွေနဲ့အတော်လေးကို အလှမ်းဝေးပြီးကျန်ရစ်ခဲ့မှာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်အတော်များများက ပုံမှန်အားဖြင့် Samsung ထက် နှစ်ဆ၊ ဒါမှမဟုတ် သုံးဆပိုမြန်တဲ့ အားသွင်းနှုန်းတွေထောက်ပံ့နေတာဖြစ်ပြီး အချို့တွေမှာ အမြင့်ဆုံးအားသွင်းနှုန်းအဖြစ် 125W ကိုပါ ထောက်ပံ့နေတာ ဖြစ်ပါတယ်။

Ref: GSM Arena