လွန်ခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာတဲ့ သတင်းအရ Galaxy S22 စီးရီးရဲ့ ကုန်ကျစရိတ်ဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ သိပ်မကွာဘူးလို့ ဆိုတာပါပဲ။ ဒါပေမဲ့ အမေရိကန်ဈေးကွက်မှာတော့ ကနဦးကောလာဟလအတိုင်းမဟုတ်ဘဲ $100 ဈေးမြင့်တက်သွားတာနဲ့ ကြုံတွေ့ရတယ်လို့ သိရပါတယ်။

ဒီအချက်အလက်ကို @TechInsider နဲ့ @chunvn8888 တို့ကနေရရှိပြီး Reddit မှာမျှဝေထားတဲ့ စစ်တမ်းတစ်ခုကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ Galaxy S21 မျိုးဆက်ရဲ့ ဈေးနှုန်းနဲ့ S22 မော်ဒယ်တွေရဲ့ ဈေးနှုန်းကို ပြုစုပြီး ဖော်ပြထားတဲ့ဇယားကိုလည်း ကြည့်နိုင်ပါတယ်။

Galaxy S22 Ultra ဟာ ပြီးခဲ့တဲ့နှစ် Ultra လိုမျိုး 12GB အစား 8GB RAM နဲ့ စတင်နိုင်တာကိုလည်း သတိပြုရပါမယ်။ ဈေးကြီးမြင့်တယ်ဆိုပေမဲ့ US model အတွက်တော့ ကိစ္စမရှိဘူးလို့ ဆိုနိုင်ပါတယ်။ S22 နဲ့ S22+ တို့ဟာ Memory configurations တွေကို အတူတူပဲ ရှိထားသင့်ပါတယ်။

Samsung အနေနဲ့ Pre-order တွေအတွက် ဈေးနှုန်းဘယ်လောက် လျှော့ချပေးမလဲဆိုတာကို အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ မော်ဒယ်သုံးမျိုးလုံးအတွက် $100 ပိုပေးရတာနဲ့ တန်အောင်တစ်ခုခု ပေးလာမယ်လို့တော့ မျှော်လင့်ရပါတယ်။

US ဈေးကွက်မှာ ‌တော့ Galaxy S21 စီးရီးအတွက် $200 credit နဲ့ Galaxy SmartTag ကို အခမဲ့ပေးခဲ့ပြီး ဥရောပဈေးကွက်မှာတော့ Galaxy Buds Live + SmartTag ကို ပေးခဲ့တာပါ။ လာမဲ့ ဖေဖော်ဝါရီ ၉ ရက်မှာ Galaxy Unpacked ကို ပြုလုပ်ဖို့ စီစဉ်ထားတယ်ဆိုပေမဲ့ Samsung က အခုအထိတော့ တရားဝင်အတည်ပြုထားခြင်း မရှိသေးပါဘူး။ ဒီ Unpacked event မှာ စမတ်ဖုန်းတွေအပြင် Galaxy Tab S8 စီးရီးသစ် တက်ဘလက်တွေကိုလည်း ယူဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: GSM Arena