Samsung ဟာ Apple ရဲ့ လမ်းစဉ်ကို လိုက်တော့မယ်လို့ ထင်ရပြီး အဲဒါက ဂြိုလ်တု ဆက်သွယ်ရေးကို စမတ်ဖုန်းမှာ ထည့်သွင်းပေးတာပါ။ Apple က Globalstar နဲ့ ပူးပေါင်းကာ iPhone 14 နဲ့ 14 Pro မှာ ဂြိုလ်တု အခြေပြု Emergency SOS လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ အခုတော့ Samsung ကလည်း Iridium နဲ့ ပူးပေါင်းကာ Galaxy S23 Series မှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးတော့မယ်လို့ သတင်းထွက်လာပါတယ်။

Samsung Galaxy S23 family rumored to have satellite communication functions

Iridium ဟာ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းမှာ ဂြိုလ်တုတွေ လွှတ်တင်ထားပြီး ကမ္ဘာကို အင်တာနက် ထုတ်လွှင့်ပေးနေတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စမတ်ဖုန်းတွေမှာ ဂြိုလ်တု ဆက်သွယ်ရေး ထည့်သွင်းပေးနိုင်ဖို့ နည်းပညာ စိန်ခေါ်မှုတွေကို ဖြေရှင်းနေခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ပြီလို့ ထင်ရပြီး Galaxy S23 Series မှာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ စာတိုနဲ့ အသေးစား ဓါတ်ပုံတွေကို ပေးပို့နိုင်အောင် ပြုလုပ်ပေးတော့မယ်လို့ သိရပါတယ်။

Galaxy S23 Lineup May Get Satellite Communication Support, More Advanced Than the iPhone 14's Capabilities

တောင်ကိုရီးယားဟာ နိုင်ငံ သေးငယ်ပြီး 5G ဝန်ဆောင်မှု အပြည့်အဝ ရနေတဲ့အတွက် Samsung က မိခင်နိုင်ငံမှာ ဒီလုပ်ဆောင်ချက်ကို မထည့်သွင်းပေးနိုင်ပါဘူး။ အင်တာနက် အခြေခံအဆောက်အဦးတွေ အလွန် မဖွံ့ဖြိုးသေးတဲ့ မြောက်နဲ့ တောင် အမေရိက၊ ဥရောပ၊ ရုရှားနဲ့ တရုတ်မှာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးနိုင်ပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ Galaxy S23 Series မှာ Qualcomm မကြာခင်က ကြေညာခဲ့တဲ့ Snapdragon 8 Gen 2 Chipset ကို ထည့်သွင်းထားနိုင်ပြီး အဲဒီဖုန်းတွေကို ဖေဖော်ဝါရီလ ပထမ အပတ်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena