Samsung Galaxy S23 Series ကို ကြေညာဖို့ နီးလာပြီ ဖြစ်ပြီး သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Samsung သတင်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ် ၁ ခုကနေ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တချို့ ပေါက်ကြားလာပါတယ်။

Samsung Galaxy S23 series will support 8K@30fps video recording

Ice Universe က Samsung Galaxy S23 Series မှာ 8K@30fps Video ရိုက်ကူးနိုင်မယ်လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ 4320p@30fps Video တွေ ရိုက်ကူးနိုင်တဲ့ တခြား စမတ်ဖုန်းများစွာကို တွေ့မြင်ခဲ့ကြရပြီးပြီ ဖြစ်ပေမယ့် Samsung အတွက် ဒါဟာ ပထမဆုံး ဖြစ်လာမှာပါ။ 8K Video တွေဟာ နေရာများစွာ ယူတဲ့အတွက် Samsung က Galaxy S23 Series မှာ Storage များများ ထည့်သွင်းပေးထားမယ်လို့ ထင်ရပါတယ်။ တကယ်တော့ 30 နဲ့ 24fps အကြားက ကွာခြားမှုဟာ သိပ်မပြောပလောက်ပါဘူး။

Samsung Galaxy S23 Release Date, Price and Specs Rumours - Tech Advisor

Samsung ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ Galaxy S23 Series Unpacked Event ကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီသတင်းဟာ ကိုရီးယားကနေ ပြီးခဲ့တဲ့  လက ထွက်ပေါ်လာတာ ဖြစ်ပြီး Unpacked Event အကြောင်းသိတဲ့ Samsung ရဲ့ အရာရှိ ၁ ယောက်က အတည်ပြုလိုက်တာလို့ သိရပါတယ်။

ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် လူတွေ တက်ရောက်တဲ့ Samsung ရဲ့ ပထမဆုံး Unpacked Event ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Galaxy S23 Series မှာ Samsung ရဲ့ Exynos Chipset အစား Snapdragon 8 Gen 2 Chipset ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena