Samsung Galaxy S23 Ultra ကို ကြေညာလိုက်ပြီ ဖြစ်ပြီး Green , Lavender , Cream နဲ့ Phantom Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Custom-tuned Snapdragon 8 Gen 2 Chip မောင်းနှင်ထားပြီး Exynos Version မထုတ်လုပ်ထားပါဘူး။

ပင်မ ကင်မရာက တော်တော်တိုးတက်လာပြီး Samsung 200MP ISOCELL HP2 Sensor တပ်ဆင်ထားပါတယ်။ Samsung က ကင်မရာ App ထဲမှာ Expert RAW App ကို Mode ၁ ခု အနေနဲ့ ထည့်သွင်းထားပြီး RAW ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Adaptive VDIS ကြောင့် အရင် 108MP ပင်မ ကင်မရာထက် Video Stabilization ပိုကောင်းလာပါတယ်။

တခြား အနောက်ကင်မရာ ၃ လုံးက 10MP 10x f/4.9 Periscope , 10MP 3x f/2.4 Telephoto နဲ့ 12MP f/2.2 Ultrawide တို့ ဖြစ်ပြီး အရှေ့ ကင်မရာက 12MP f/2.2 (Autofocus) ဖြစ်ပါတယ်။

၆.၈ လက်မ Dynamic AMOLED 2x 1440x3088p မျက်နှာပြင် တပ်ဆင်ထားပြီး 1,750 nits Brightness ထောက်ပံ့ထားပါတယ်။ 1Hz ကနေ 120Hz Refresh Rate ကို ပြောင်းလဲနိုင်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

5,000mAh ဘက်ထရီ ပါလာပြီး 45W Fast Charging ထောက်ပံ့ထားပါတယ်။ Samsung က မိနစ် ၃၀ အားသွင်းရင် ၆၅ ရာခိုင်နှုန်း အားဝင်တယ်လို့ ပြောပါတယ်။ 8/256GB, 12/256GB , 12/512GB နဲ့ 12/1TB Version တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၁,၂၀၀ သတ်မှတ်ထားပါတယ်။

Ref : gsmarena