Apple ကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက iPhone 14 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ iPhone 14 Series မှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ Feature တစ်ခုကတော့ အရေးပေါ်အခြေအနေတွေမှာ ဂြိုလ်တုကနေတစ်ဆင့်ဆက်သွယ်နိုင်မယ့် Satellite Connectivity ကို ထည့်သွင်းပေးထားပါတယ်။

အဆိုပါ Satellite Connectivity Feature ပါဝင်လာတာကြောင့် ဒုက္ခရောက်နေတဲ့ iPhone 14 Series အသုံးပြုသူအချို့ကို ကယ်ဆယ်ပေးနိုင်ခဲ့သလို Huawei လိုမျိုး တခြားစမတ်ဖုန်းကုမ္ပဏီတွေကလည်း Mate 50 Series ဖုန်းတွေမှာ အလားတူ Satellite Connectivity Feature ကို စတင်ထည့်သွင်းခဲ့ပါတယ်။

အခုလည်း Samsung ဟာ လာမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy S24 Series ဖုန်းတွေမှာ ဂြိုလ်တုဆက်သွယ်မှုစနစ် Satellite Connectivity ကို ထည့်သွင်းပေးတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဆိုပါသတင်းဟာ တောင်ကိုရီးယားနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ Lee Jong-ho ကနေ ပြည်တွင်းစမတ်ဖုန်းကုမ္ပဏီတွေဟာ 5G နှင့် ဂြိုလ်တုဆက်သွယ်ရေးကိုထောက်ပံ့ပေးနိုင်မယ့် စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၄ ခုနှစ်မှာ အကောင်အထည်ဖော်သွားမယ်ဆိုပြီး ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

Samsung Galaxy S24 Series ဖုန်းတွေဟာ LTPO Display နည်းပညာကို ဖုန်းတိုင်းမှာအသုံးပြုလာမယ့်အပြင် အခုထက် Display နည်းပညာပိုင်းရော၊ ဒီဇိုင်းပိုင်းမှာလည်း Display ဘေးဘောင်တွေကို ပိုမိုပါးလွှာအောင် ပြုလုပ်ထားမယ်ဆိုပြီး သတင်းထွက်ရှိထားပါတယ်။ Performance ပိုင်းမှာလည်း 3nm Architecture ကို အခြေခံထားမယ့် Qualcomm Snapdragon 8 Gen 3 Chipset ကို အသုံးပြုလာမှာပါ။

Ref – Gizmo China