YouTuber တစ်ဦးဖြစ်တဲ့ JerryRigEverything ဟာ ဖုန်းတစ်လုံးရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးတဲ့အနေနဲ့ Flagship စမတ်ဖုန်းတွေကို Display ကို မီးရှို့ကြည့်၊ ဓါးနဲ့ ခြစ်တာ နဲ့ ဖုန်းကို လက်နဲ့ ကွေးညွတ်တာတွေကို ပြုလုပ်တဲ့သူပဲဖြစ်ပါတယ်။

အခုတကြိမ်မှာလည်း JerryRig ဟာ Samsung ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကိုလည်း ဖျက်ဆီးခဲ့ပြန်ပါတယ်။

Samsung Galaxy S9 ရဲ့ OLED Display ကို မီးရှို့ကြည့်တဲ့အချိန်မှာတော့ ပြန်ပြီးကောင်းမွန်လာခြင်းမရှိပေမယ့် ဖုန်းကို ကွေးညွတ်ကြည့်တဲ့အချိန်မှာတော့ ဖုန်းက ဘာမှမဖြစ်တာကိုတွေ့ခဲ့ရပါတယ်။