Samsung ကနေထုတ်လုပ်တဲ့ High End Galaxy စမတ်ဖုန်းတွေဟာ Processor ၂ မျိုးနဲ့ ထုတ်လုပ်တဲ့ဖုန်းတွေဖြစ်ပြီးတော့ Qualcomm CPU တွေကို US အတွက်သီးသန့်ထုတ်လုပ်ပြီး ကျန်တဲ့ မြန်မာနိုင်ငံအပါအဝင်နိုင်ငံတွေကိုတော့ Samsung ရဲ့ ကိုယ်ပိုင် Exynos CPU နဲ့ပဲရောင်းချနေတာဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ Qualcomm ကနေ နောက်နှစ်မှာ ထုတ်လုပ်မယ့် Smartphone တွေ အသုံးပြုလာမယ့် Snapdragon 845 CPU ကို ထုတ်လုပ်ခဲ့ပြီး US နိုင်ငံအတွက် ထုတ်လုပ်မယ့် Samsung Galaxy S9 မှာ Snapdragon 845 CPU ပါဝင်လာမယ်ဆိုတာကိုသေချာစေခဲ့ပါတယ်။

ဒါပေမယ့် Samsung ကနေ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို ဝင်ရောက်မယ့် Samsung Galaxy S9 မှာပါဝင်လာမယ့် Exynos 9810 CPU ကိုတော့ လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာကြေငြာမယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ကြေငြာချက်မှာတော့ Beyond a Component လို့ရေးထားတဲ့အတွက် သာမန် CPU Processor တစ်ခုတင်မဟုတ်ပဲ AI နည်းပညာတွေပါ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။

ယခု Event က Exynos 9810 CPU ကိုပဲ ထုတ်ဖော်ပြသမယ့် Event ဖြစ်ပြီး Samsung Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းတွေကိုတော့ လာမယ့် ဖေဖော်ဝါရီလမှ တွေ့မြင်ရမှာဖြစ်ပါတယ်။