နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Steve Hemmerstoffer က နောက်ထွက်မယ့် Samsung Galaxy Tab A8 (2021) ရဲ့ ဓါတ်ပုံတွေကို စက်တင်ဘာလက မျှဝေခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ တက်ဘလက်ကို Bluetooth SIG Authority က ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် Samsung က မကြာခင် တရားဝင် ကြေညာနိုင်ပါတယ်။

Galaxy Tab A8 (2021) Bluetooth SIG

Bluetooth SIG မှာ Samsung Galaxy Tab A8 (2021) ရဲ့ မော်ဒယ်နံပါတ်က SM-X205 ဖြစ်ပြီး Bluetooth 5.0  ဆက်သွယ်မှု ပါလာမယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် တက်ဘလက်ရဲ့ တခြား Specification တွေကို အဲဒီမှာ မဖော်ပြထားသေးပါဘူး။

Samsung Galaxy Tab A8 2021

အရင်က ပေါက်ကြားသတင်းတွေအရ Samsung Galaxy Tab A8 (2021) မှာ ၁၀.၄ လက်မ TFT မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full HD+ Resolution (1920×1200 pixels) ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ရုရှားမှာ မကြာခင်က ကြေညာခဲ့တဲ့ HTC A100 မှာ ပါတဲ့ Unisoc T618 ကို Samsung Galaxy Tab A8 (2021) မှာ ထည့်သွင်းထားနိုင်ပါတယ်။

နိုင်ငံအလိုက် တက်ဘလက်ရဲ့ မတူညီတဲ့ မော်ဒယ်တွေကို ရောင်းချနိုင်ပါတယ်။ 3GB RAM/32GB Storage , 4GB RAM/64GB Storage နဲ့ 4GB RAM/128GB Storage တွေကို ထုတ်လုပ်ရောင်းချနိုင်ပြီး microSD Card Slot ပါလာနိုင်ပါတယ်။

Samsung Galaxy Tab A8 (2021) မှာ 15W Charging ထောက်ပံ့တဲ့ 7,040mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားနိုင်ပါတယ်။

WiFi Only နဲ့ LTE Version တွေ ထုတ်လုပ်ထားနိုင်ပြီး ရွှေ၊ ငွေနဲ့ အညိုရောင်တွေ ရွေးချယ်နိုင်မှာပါ။ တက်ဘလက်ရဲ့ ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာခြင်း မရှိသေးပေမယ့် Bluetooth SIG ကိုရောက်လာပြီ ဖြစ်တဲ့အတွက် ဒီလနှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာလ အစောပိုင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina