[Zawgyi]

Samsung က IFA မွာ အၾကမ္းခံတဲ့ Galaxy Tab Active Pro ကို ေၾကညာလိုက္ပါတယ္။ ၁၀ လက္မ 1920x1200p Display ထည့္သြင္းထားၿပီး ကြန္ျပဴတာလို သံုးႏုိင္မယ့္ DeX Mode ပါလာပါတယ္။ ဘယ္ဘက္ေထာင့္မွာ S Pen ထည့္ထားပါတယ္။ Navigation အတြက္ Display ရဲ႕ ေအာက္မွာ Hardware Keys ေတြ တပ္ဆင္ထားပါတယ္။ အလင္းေရာင္ေအာက္မွာ သံုးရတာ အဆင္ေျပေစဖို႔ 550 nits Brightness ပံ့ပိုးထားပါတယ္။

Galaxy Tab Active Pro ကို အၾကမ္းခံေအာင္ တည္ေဆာက္ထားပါတယ္။ IP68 စံႏႈန္းရွိၿပီး ေရစိုခံတဲ့ အျပင္ ဖုန္မ၀င္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ အျမင့္ ၁.၂ မီတာကေန ျပဳတ္က်ရင္ေတာင္ ခံႏုိင္ရည္ရွိတဲ့ MIL-STD-810G စံႏႈန္း ပါပါတယ္။

တက္ဘလက္မွာ 4GB RAM , 64GB Storage ေတြ ထည့္သြင္းထားၿပီး 512GB microSD Card စိုက္ႏုိင္ပါတယ္။ Samsung က Chipset ရဲ႕ နာမည္ကို မေျပာေသးပါဘူး။ ဒါေပမယ့္ Geekbench ကေတာ့ Snapdragon 710 ထည့္ထားတယ္လို႔ ေျပာပါတယ္။ Android 9 Pie ေမာင္းႏွင္ထားၿပီး 7,600mAh Battery ပါပါတယ္။ Fast Charging ပါလားဆိုတာ မေျပာေသးပါဘူး။ အေနာက္ဘက္မွာ 13MP Camera နဲ႔ အေရွ႕ဘက္မွာ 8MP Camera တပ္ထားပါတယ္။

Galaxy Tab Active Pro ကို ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ယူရို ၆၀၀ နဲ႔ ဂ်ာမနီမွာ ေရာင္းခ်မွာပါ။ LTE Model ကို ယူရို ၆၇၀ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁,၀၀၀,၀၀၀ နဲ႔ ၁,၁၅၀,၀၀၀ ေလာက္ အသီးသီး တန္ေၾကးရွိပါတယ္။

Ref : gsmarena

[Unicode]

S Pen နဲ့ DeX Mode ပါတဲ့ Samsung Galaxy Tab Active Pro ကို ကြေညာပြီ

Samsung က IFA မှာ အကြမ်းခံတဲ့ Galaxy Tab Active Pro ကို ကြေညာလိုက်ပါတယ်။ ၁၀ လက်မ 1920x1200p Display ထည့်သွင်းထားပြီး ကွန်ပြူတာလို သုံးနိုင်မယ့် DeX Mode ပါလာပါတယ်။ ဘယ်ဘက်ထောင့်မှာ S Pen ထည့်ထားပါတယ်။ Navigation အတွက် Display ရဲ့ အောက်မှာ Hardware Keys တွေ တပ်ဆင်ထားပါတယ်။ အလင်းရောင်အောက်မှာ သုံးရတာ အဆင်ပြေစေဖို့ 550 nits Brightness ပံ့ပိုးထားပါတယ်။

Galaxy Tab Active Pro ကို အကြမ်းခံအောင် တည်ဆောက်ထားပါတယ်။ IP68 စံနှုန်းရှိပြီး ရေစိုခံတဲ့ အပြင် ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမြင့် ၁.၂ မီတာကနေ ပြုတ်ကျရင်တောင် ခံနိုင်ရည်ရှိတဲ့ MIL-STD-810G စံနှုန်း ပါပါတယ်။

တက်ဘလက်မှာ 4GB RAM , 64GB Storage တွေ ထည့်သွင်းထားပြီး 512GB microSD Card စိုက်နိုင်ပါတယ်။ Samsung က Chipset ရဲ့ နာမည်ကို မပြောသေးပါဘူး။ ဒါပေမယ့် Geekbench ကတော့ Snapdragon 710 ထည့်ထားတယ်လို့ ပြောပါတယ်။ Android 9 Pie မောင်းနှင်ထားပြီး 7,600mAh Battery ပါပါတယ်။ Fast Charging ပါလားဆိုတာ မပြောသေးပါဘူး။ အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ထားပါတယ်။

Galaxy Tab Active Pro ကို အောက်တိုဘာလ ၁ ရက်နေ့မှာ ယူရို ၆၀၀ နဲ့ ဂျာမနီမှာ ရောင်းချမှာပါ။ LTE Model ကို ယူရို ၆၇၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁,၀၀၀,၀၀၀ နဲ့ ၁,၁၅၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gsmarena