Samsung ကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လတုန်းက Flagship Tablet တစ်လုံးဖြစ်တဲ့ Galaxy Tab S6 ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Tablet ဟာ မိတ်ဆက်တဲ့အချိန်တုန်းက Android 9 Pie ကို အသုံးပြုထားခဲ့တာဖြစ်ပြီးတော့ Android Tablet တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Tablet တစ်ခုလို့တောင် ပြောလို့ရပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Galaxy Tab S6 Tablet အတွက် Android 10 Updateကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ယခု Update ရဲ့ Build Number ကတော့ T865XXU2BTC7 ဖြစ်တယ်လို့ သိရပြီး March 2020 Android Security Patch လည်းပါဝင်လာမှာဖြစ်ပါတယ်။

OneUI Version ကိုလည်း လက်ရှိ 2.0 ကနေ 2.1 ကို အဆင့်မြှင့်ထားမှာပါ။ အဲ့ဒီအတွက် Android 10 ရဲ့ System-wide Dark Mode ၊ Privacy Feature အသစ်တွေအပြင် OneUI 2.1 ရဲ့ Quick Share ၊ Music Share လိုမျိုး Feature တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာ Galaxy Tab S6 အတွက် Android 10 Update ကို Germany Region မှာရှိတဲ့ LTE Model တွေအရင် ရရှိနေတယ်လို့ သိရပြီးတော့ မကြာခင်မှာ ကျန်တဲ့ Region တွေအပြင် Wi-Fi Version တွေပါ Update ရရှိလာမှာဖြစ်ပါတယ်။

Ref – GSM Arena