Galaxy Tab S6 ကို ၂၀၁၉ သြဂုတ်ကတည်းက စပြီးမိတ်ဆက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးရက်တုန်းကလည်း Samsung ဟာ Galaxy Tab S6 5G ကို တောင်ကိုရီးယားဈေးကွက်ထဲ မိတ်ဆက်ပေးခဲ့ပါတယ်။ 10.5-inch Super AMOLED မျက်နှာပြင်၊ AKG Audio နည်းပညာနဲ့ စပီကာ လေးလုံးပါဝင်တဲ့ Galaxy Tab S6 5G ပြီးတဲ့နောက် ဈေးသက်သာမယ့် Lite အမျိုးအစားလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Galaxy Tab S6 Lite အမျိုးအစားဟာ မော်ဒယ်နံပါတ် SM-P615 နဲ့အတူ Bluetooth certification ရရှိခဲ့တာ ဖြစ်ပါတယ်။ Bluetooth certification ဖြစ်တာကြောင့် Bluetooth 5.0 အတွက် အသိအမှတ်ပြုပေးရုံကလွဲပြီး Galaxy Tab S6 Lite နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ တွေ့မြင်ရခြင်း မရှိပါဘူး။ ဒါပေမယ့် Geekbench မှာတော့ အချက်အလက်အချို့ကို တွေ့မြင်ရပါတယ်။

Geekbench ကတစ်ဆင့် သိရှိရတာကတော့ Samsung Galaxy Tab S6 Lite ဟာ Exynos 9611 SoC ဖြစ်ပြီး 4GB of RAM လည်း တွဲဖက် တပ်ဆင်ပေးထားပါသေးတယ်။ Operation System ကတော့ Android 10 ဖြစ်တာကိုလည်း တွေ့ရှရပါတယ်။ Geekbench ရမှတ်အဖြစ် Single-Core ကို 346 မှတ်၊ Multi-Core ကို 1259 မှတ် ရရှိထားတာလည်း တွေ့မြင်ရပါတယ်။

SamMobile ကဖော်ပြတဲ့သတင်းအရ မော်ဒယ်နံပါတ် SM-P615 ဟာ Galaxy Tab S6 Lite ရဲ့ LTE အမျိုးအစားအတွက်သာ ဖြစ်တယ်လို့ သိရပါတယ်။ Wi-Fi တစ်မျိုးတည်းပဲရတဲ့ မျိုးကွဲကတော့ မော်ဒယ်နံပါတ် SM-P610 နဲ့ သပ်သပ် ရှိသေးတာ ဖြစ်ပါတယ်။ ဒီအမျိုးအစားနှစ်မျိုးစလုံးမှာ သိုလှောင်မှုပမာဏ 64GB နဲ့ 128GB ဆိုပြီး ရွေးချယ်စရာ နှစ်မျိုးစီ ရှိကြမယ်လို့လည်း သိရပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကတော့ လာမယ့် ရက်သတ္တပတ်တွေမှာ ပေါက်ကြားထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena