Samsung ကနေ Flagship Android Tablet တွေဖြစ်တဲ့ Galaxy Tab S7 နဲ့ S7+ တွေကိုမကြာခင်မှာ ကြေညာသွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရှိရတဲ့သတင်းတွေအရတော့ Samsung Galaxy Tab S7+ Tablet ဟာ လက်ရှိ Tablet တွေထဲမှာ Battery ပမာဏအများပြားဆုံးဖြစ်လာမှာပါ။

ဘာကြောင့်လဲဆိုရင် Samsung Galaxy Tab S7+ ဟာ 10,090mAh Battery ပါဝင်လာမှာဖြစ်ပြီး နောက်ဆုံး Samsung ကနေ မိတ်ဆက်ထားတဲ့ Galaxy Tab S6 Tablet မှာပါဝင်တဲ့ 7040mAh Battery ထက် သိသိသာသာကို များပြားနေမှာဖြစ်ပါတယ်။ လက်ရှိ iPad Pro 12.9″ တောင်မှာ Battery Capacity 9720mAh ပဲရှိတဲ့အတွက် Galaxy Tab S7+ က Battery ပမာဏအများဆုံး Tablet တစ်လုံးလို့တောင် ပြောလို့ရပါတယ်။

Samsung Galaxy Tab S7 ဟာ 11″ Display ကို အသုံးပြုထားမှာဖြစ်ပြီး Galaxy Tab S7+ ဟာ Samsung Tablet တွေထဲမှာ အရွယ်အစားအကြီးမားဆုံးဖြစ်လာမယ့် 12.4″ Display ပါဝင်မှာဖြစ်ပါတယ်။ Resolution အနေနဲ့ကတော့ QHD+ ကိုပဲ ထည့်သွင်းလာနိုင်ပြီးတော့ Samsung အနေနဲ့ Apple iPad Pro 12.9″ နဲ့ တိုက်ရိုက်ယှဥ်ပြိုင်ဖို့ ရည်ရွယ်ထားပုံပါပဲ။

ဒါတင်မဟုတ်သးဘဲ Galaxy Tab S7 Series Tablet တွေဟာ Qualcomm Snapdragon 865 ၊ S Pen အပြင် 5G Network ကိုပါ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Samsung အနေနဲ့ ပုံမှန် Wi-Fi Version ကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Tab S7 Series Tablet တွေက Android Flagship Tablet တွေဖြစ်လာမှာဖြစ်ပြီး လာမယ့် သြဂုတ်လဝန်းကျင်မှာ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာနိုင်ပါတယ်။

Ref – Giz China