Samsung ဟာ Galaxy Note 20 Series ဖုန်းတွေမိတ်ဆက်ခဲ့ပြီးတော့ Flagship Tablet တွေဖြစ်တဲ့ Galaxy Tab S7 Series ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Galaxy Tab S7 နဲ့ Tab S7 Plus Tablet တွေဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံး Android Tablet တွေဆိုရင်လည်းမမှားပါဘူး။

အခုလည်း Samsung ကနေ အဆိုပါ Galaxy Tab S7 Series အတွက် အသုံးဝင်တဲ့ Feature Update တစ်ခုကို ထုတ်ပေးသွားဖို့ရှိနေပါတယ်။ ဒါကတော့ Second Screen Feature ဖြစ်ပြီး Windows PC တွေနဲ့ ချိတ်ဆက်ပြီးတော့ External Secondary Display တစ်ခုအနေနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။

Samsung ကတော့ လောလောဆယ်မှာ အဆိုပါ Feature နာမည်ကို “Sidekick” လို့ပေးထားတယ်လို့ သိရပါတယ်။ ဒါက Apple ကလည်း iPad တွေကို Secondary Display အနေနဲ့ အသုံးပြုနိုင်တဲ့ Sidecar Feature နဲ့ အလုပ်လုပ်ပုံရော၊ နာမည်ရော ဆင်တူနေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် iPad တွေလိုမျိုးပဲ Galaxy Tab S7 Series ကို Second Screen အနေနဲ့ အသုံးပြုမယ်ဆိုရင် S Pen ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ပုံဆွဲတဲ့သူတွေနဲ့ Pen Input သို့မဟုတ် Touchscreen Display မပါဝင်တဲ့ Windows PC တွေအတွက် အားသာချက်ဖြစ်လာမှာပါ။

Samsung ကတော့ ယခု Sidekick Feature ကို Galaxy Tab S7 Series မှာ ဘယ်အချိန်ကစပြီး အသုံးပြုနိုင်မလဲဆိုတာနဲ့ တခြားသော Tablet တွေမှာ အသုံးပြုနိုင်မလားဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

Ref – Android Authority