မကြာခင်ကပဲ Samsung Galaxy Tab S7 ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီး အဲဒီ ဖုန်းကို ဇူလိုင်လ သို့မဟုတ် ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။ Samsung က အဲဒီဖုန်းနဲ့အတူ Galaxy Tab S7+ ကိုပါ ချပြမယ်လို့ သတင်းထွက်နေပြီး အခုတော့ Plus Model ရဲ့ အဓိက Specs တွေ Geekbench ကနေ ထွက်ပေါ်လာပါတယ်။

Galaxy Tab S7+ ရဲ့ မော်ဒယ်နံပါတ်က SM-T976B ဖြစ်ပြီး Android 10 မောင်းနှင်ထားပါတယ်။ 6GB RAM ပါလာပြီး တခြား RAM Version တွေလည်း ထွက်လာနိုင်ပါတယ်။ Samsung က အဲဒီ စမတ်ဖုန်းတွေ အကြောင်း ဘာမှ မပြောသေးပါဘူး။

Geekbench က စာရင်းအရ Galaxy Tab S7+ ရဲ့ Chipset ကို “kona” လို့ ဖော်ပြထားတဲ့အတွက် Qualcomm Snapdragon 865 SoC ဖြစ်ပါတယ်။ အရင်ကလည်း အဲဒီ တက်ဘလက်မှာ Snapdragon 865 Chipset ပါမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

Geekbench မှာ Galaxy Tab S7+ ရဲ့ တခြား Specs တွေကို မဖော်ပြထားပေမယ့် အဲဒီ တက်ဘလက်မှာ ၁၂.၄ လက်မ 120Hz မျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။ 9,800mAh ဘက်ထရီက တော်တော်လန်းမှာ ဖြစ်ပြီး အမေရိကန်နဲ့ ဥရောပမှာ 5G ကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ Galaxy Tab S7 Series တွေရဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena