ဒီနှစ် မေလမှာ Samsung ဟာ Galaxy Tab S7 FE ကို ကြေညာခဲ့ပြီး အခုတော့ မျိုးဆက်သစ်ရဲ့ သတင်းထွက်လာပါတယ်။ Galaxy Tab S8 FE ဟာ နောက်ထွက်မယ့် Galaxy Tab S8 ရဲ့ စွမ်းရည်နိမ့် မော်ဒယ် ဖြစ်ပါတယ်။

Samsung Galaxy Tab S8 Render Leak 02

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီ Samsung ဟာ Galaxy Tab S8 Series ကို မကြေညာရသေးပါဘူး။ အဲဒီ Series ထဲမှာ Galaxy Tab S8 , Galaxy Tab S8+ နဲ့ Galaxy Tab S8 Ultra တို့ ပါဝင်မှာပါ။ အဲဒီ တက်ဘလက်တွေကို လာမယ့်နှစ် အစောပိုင်း ကြေညာမယ်လို့ ထင်ရပါတယ်။

First Samsung Galaxy Tab S8 renders leak - Android Authority

Galaxy Tab S8 FE or Galaxy Tab S8 Lite ကို လာမယ့်နှစ်အကုန်မှာ ကြေညာနိုင်ပြီး Samsung ရဲ့ ကိုယ်ပိုင် Exynos 2200 Chipset or Qualcomm Snapdragon Series Chipset မောင်းနှင်ထားနိုင်ပါတယ်။ ကွာတား ၄ ဖြစ်တဲ့ နောက်ဆုံး ၃ လထဲမှာ မြင်ရနိုင်ပါတယ်။

Samsung Galaxy Tab S8 မှာ ၁၁ လက်မ LTPS TFT LCD မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး 120Hz Refresh Rate ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ 8GB RAM နဲ့ 256GB Internal Storage ပါလာမှာ ဖြစ်ပြီး အရှေ့ ကင်မရာက 8MP ဖြစ်နိုင်ပါတယ်။ 45W Fast Charging နည်းပညာ ပါတဲ့ 8,000mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။

Galaxy Tab S8+ အကြောင်းပြောရရင် ၁၂.၄ လက်မ OLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာနိုင်ပါတယ်။ 12GB RAM နဲ့ 512GB Internal Storage ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာတွေအကြောင်းပြောရရင် 8MP Wide-angle Lens အနောက်ကင်မရာနဲ့ 5MP Ultra-wide အရှေ့ ကင်မရာတွေ ပါလာနိုင်ပြီး 45W Fast Charging ထောက်ပံ့တဲ့ 12,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina