Samsung Galaxy Tab S8 Series ရဲ့ သတင်းတွေ မကြာခဏပေါက်ကြားထွက်ပေါ်နေပြီး အခုလည်း Tab S8 Ultra ရဲ့ Specifications အပြည့်အစုံ ထွက်လာပါတယ်။

Samsung Galaxy Tab S8 Ultra မှာ ၁၄.၆ လက်မ 2960x1848p မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Samsung ရဲ့ စွမ်းရည်မြင့် တက်ဘလက်တွေမှာလို Super AMOLED မျက်နှာပြင် အသုံးပြုထားမှာ ဖြစ်ပါတယ်။ 120Hz Refresh Rate ကြောင့် မျက်နှာပြင်တုန့်ပြန်မှု အရမ်း ကောင်းမှာ သေချာပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ၆.၃ မီလီမီတာပဲ ရှိမှာပါ။ မျက်နှာပြင်မှာ ဆဲလ်ဖီး ကင်မရာအတွက် Notch တပ်ဆင်ထားမှာပါ။

Notch မှာ 12MP ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံမှာ 208.6 x 326.4 x 5.5mm ဖြစ်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8,12 or 16GB RAM နဲ့ 128,256 or 512GB Storage တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Tab S8 Ultra မှာ 11,200mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး 45W Charging ထောက်ပံ့ထားမှာပါ။ ဘူးထဲမှာ Charger ထည့်ထားမလားဆိုတာ မသိရသေးပါဘူး။ တက်ဘလက်ရဲ့ အနောက်ဘက်မှာ 13MP Main နဲ့ 6MP Ultrawide ကင်မရာ ၂ လုံး ပါလာမှာ ဖြစ်ပြီး Android 12 အခြေပြု One UI 4.1 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Ref : gsmarena