Samsung ကနေ လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ Galaxy Unpacked Event အသစ်ကို ပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ Event ပြုလုပ်မယ့်အချိန်ကို အတိအကျမသိရှိရသေးပေမယ့် တောင်ကိုရီးယားနိုင်ငံအတွင်းမှာ အကြီးအကျယ်ပြုလုပ်သွားမယ်လို့ သတင်းထွက်ရှိထားပါတယ်။

အဆိုပါ Galaxy Unpacked Event မှာ Samsung Foldable ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပြီး Galaxy Tab S9 Series မှာ တွဲဖက်မိတ်ဆက်သွားမယ့် ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Galaxy Tab S9 Series ရဲ့ Promo ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့တာကြောင့်ဖြစ်ပါတယ်။

Samsung ကနေ မိတ်ဆက်သွားမယ့် Galaxy Tab S9 Series မှာ Tab S9 ၊​ Tab S9+ နဲ့ Tab S9 Ultra တွေပါဝင်မှာဖြစ်ပါတယ်။ Galaxy Tab S9 Series ရဲ့ အဓိကထူးခြားချက်က iP67 Dust & Water Resistant Rating ပါဝင်လာမှာပဲဖြစ်ပြီး တခြား Tablet တွေနဲ့ နှိုင်းယှဥ်ရင် အားသာချက်တစ်ခုဖြစ်လာမှာပါ။

Performance ပိုင်းမှာ Galaxy Tab S9 Series ဟာ S23 Series လိုမျိုးပဲ Qualcomm Snapdragon 8 Gen 2 For Galaxy Chipset ကို အသုံးပြုထားမှာဖြစ်ပြီး အမြင့်ဆုံး 16GB RAM နဲ့ 512GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Galaxy Tab S9 Ultra ဟာ 14.6″ 120Hz AMOLED Display ပါဝင်မှာဖြစ်ပြီး 45W Fast Charging ကို Support ပေးထားတဲ့ 11200mAh Battery ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Tablet တွေထဲမှာ Performance အကောင်းဆုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena