[Zawgyi]

Samsung Galaxy View 2 ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလကတည္းက Bluetooth SIC အသိအမွတ္ျပဳမႈကို ရရွိၿပီး ျဖစ္သလို Wi-Fi Alliance လည္း ရၿပီး ျဖစ္ပါတယ္။ ဒီေနာက္ပိုင္း ကာလေတြမွာ Galaxy View 2 အေၾကာင္း သတင္းေတြ ၿငိမ္ေနေပမယ့္ အခုအခ်ိန္မွာေတာ့ တရားဝင္ထြက္လာႏိုင္တဲ့ Press renders အခ်ိဳ႕ ေပါက္ၾကားလာရၿပီ ျဖစ္ပါတယ္။

Galaxy View 2 ဟာ သူ႔အရင္ထြက္ခဲ့တဲ့ Galaxy View ရဲ႕ ေျခလွမ္းအတိုင္း ထြက္လာမယ္လို႔ ထင္ရေပမယ့္ မ်က္ႏွာျပင္ပိုင္းမွာေတာ့ ကြဲလြဲဖြယ္ ရွိေနပါတယ္။ ၂၀၁၅ တုန္းကထြက္ထားတဲ့ Galaxy View ဟာ 18.4-inch touchscreen အ႐ြယ္အစား မ်က္ႏွာျပင္နဲ႔ ျဖစ္ၿပီး Build-in stand လည္း ပါဝင္ပါတယ္။

Galaxy View ကို ဆက္ခံမယ့္ Galaxy View 2 ကေတာ့ မ်က္ႏွာျပင္ အနည္းငယ္ ပိုေသးသြားမွာျဖစ္ၿပီး 17.5-inch panelနဲ႔1080 resolution ျဖစ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ေမာ္ဒယ္သစ္ကေတာ့ ပတၱာပုံစံေထာက္နဲ႔ ဒီဇိုင္းပိုင္း ေျပာင္းလဲထားပါတယ္။ ဒီေထာက္ဟာ မဖြင့္ဘဲထားခ်ိန္မွာ ၃၀ဒီဂရီ ေစာင္းေနေစမွာျဖစ္ၿပီး ဖြင့္လိုက္ခ်ိန္မွာေတာ့ စားပြဲေပၚမွာတင္ထားၿပီး ၾကည့္ရႈရေကာင္းမြန္တဲ့ အေနအထားကို ရွိေနေစမွာ ျဖစ္ပါတယ္။

ေက်ာဘက္က ေထာက္ရဲ႕အလယ္မွာလည္း ႀကီးမားတဲ့ အဝိုင္းေပါက္ကို ေဖာက္ေပးထားတာ ေတြ႕ျမင္ရပါတယ္။ ဒါေၾကာင့္ အလြယ္တကူ သယ္ေဆာင္သြားႏိုင္တဲ့ အေနအထားလို႔ ဆိုရမွာပါ။ Galaxy View 2 ကို Exynos 7885 chipset နဲ႔ 3GB of RAM ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ အေသးစိတ္အခ်က္အလက္ကေတာ့ သိပ္မၾကာခင္အခ်ိန္အတြင္း ေပါက္ၾကားလာဦးမယ္လို႔ ယူဆရပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ထောက်ပုံစံသစ်နဲ့ Samsung Galaxy View 2 Renders များ ထွက်ပေါ်လာ

Samsung Galaxy View 2 ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက Bluetooth SIC အသိအမှတ်ပြုမှုကို ရရှိပြီး ဖြစ်သလို Wi-Fi Alliance လည်း ရပြီး ဖြစ်ပါတယ်။ ဒီနောက်ပိုင်း ကာလတွေမှာ Galaxy View 2 အကြောင်း သတင်းတွေ ငြိမ်နေပေမယ့် အခုအချိန်မှာတော့ တရားဝင်ထွက်လာနိုင်တဲ့ Press renders အချို့ ပေါက်ကြားလာရပြီ ဖြစ်ပါတယ်။

Galaxy View 2 ဟာ သူ့အရင်ထွက်ခဲ့တဲ့ Galaxy View ရဲ့ ခြေလှမ်းအတိုင်း ထွက်လာမယ်လို့ ထင်ရပေမယ့် မျက်နှာပြင်ပိုင်းမှာတော့ ကွဲလွဲဖွယ် ရှိနေပါတယ်။ ၂၀၁၅ တုန်းကထွက်ထားတဲ့ Galaxy View ဟာ 18.4-inch touchscreen အရွယ်အစား မျက်နှာပြင်နဲ့ ဖြစ်ပြီး Build-in stand လည်း ပါဝင်ပါတယ်။

Galaxy View ကို ဆက်ခံမယ့် Galaxy View 2 ကတော့ မျက်နှာပြင် အနည်းငယ် ပိုသေးသွားမှာဖြစ်ပြီး 17.5-inch panelနဲ့1080 resolution ဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မော်ဒယ်သစ်ကတော့ ပတ္တာပုံစံထောက်နဲ့ ဒီဇိုင်းပိုင်း ပြောင်းလဲထားပါတယ်။ ဒီထောက်ဟာ မဖွင့်ဘဲထားချိန်မှာ ၃၀ဒီဂရီ စောင်းနေစေမှာဖြစ်ပြီး ဖွင့်လိုက်ချိန်မှာတော့ စားပွဲပေါ်မှာတင်ထားပြီး ကြည့်ရှုရကောင်းမွန်တဲ့ အနေအထားကို ရှိနေစေမှာ ဖြစ်ပါတယ်။

ကျောဘက်က ထောက်ရဲ့အလယ်မှာလည်း ကြီးမားတဲ့ အဝိုင်းပေါက်ကို ဖောက်ပေးထားတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ အနေအထားလို့ ဆိုရမှာပါ။ Galaxy View 2 ကို Exynos 7885 chipset နဲ့ 3GB of RAM ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်ကတော့ သိပ်မကြာခင်အချိန်အတွင်း ပေါက်ကြားလာဦးမယ်လို့ ယူဆရပါတယ်။

Ref: GSMArena