[Unicode]

Samsung က နိုဝင်ဘာလကုန်မှာ Galaxy W20 5G ကို တရုတ်မှာ ကြေညာခဲ့ပြီး တကယ်တော့ အဲဒီ ဖုန်းဟာ Snapdragon 855+ SoC နဲ့ အဆင့်မြှင့်ထားတဲ့ Galaxy Fold 5G ဖြစ်ပါတယ်။ ဒါ့အပြင် အဖြူရောင် အသစ်ထုတ်လုပ်ထားပြီး တရုတ်မှာ China Telecom ကနေပဲ ရောင်းပေးမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Galaxy Fold ထက် သေးငယ်သွားပေမယ့် အလယ်က အဆက်ကို ပိုခိုင်ခံ့အောင် အဆင့်မြှင့်ထားပါတယ်။

Galaxy W20 5G ကို ကြေညာချိန်က ဒီဇင်ဘာလမှာ ရောင်းပေးမယ်လို့ ကုမ္ပဏီက ပြောပေမယ့် နေ့ရက်အတိအကျနဲ့ ဈေးနှုန်းကို မပြောခဲ့ပါဘူး။ အခုတော့ Samsung က သူ့ အွန်လိုင်းစတိုးနဲ့ တရုတ်က နာမည်ကျော် အွန်လိုင်းစတိုး ဖြစ်တဲ့ JD.com တို့မှာ စာရင်းတင်လိုက်ပါတယ်။ ယွမ် ၁၉,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၄၃ သိန်းလောက်ရှိပါတယ်။ ဒါပေမယ့် ဒီလောက်ဈေးကြီးတဲ့ ဖုန်းဟာ စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားလောက်အောင် တရုတ်မှာ ရောင်းအားလန်းနေပါတယ်။

နောက် ၁ သုတ်ကို ဒီလ ၂၀ ရက်နေ့မှာ ပြန်လည် ရောင်းချပေးမှာ ဖြစ်ပါတယ်။ W20 5G အတွက် 12GB RAM / 512GB Storage ၁ မျိုးထဲ ထုတ်လုပ်ပေးထားပါတယ်။ NSA (non-standalone) 5G ကိုပဲ ထောက်ပံ့ပြီး Control Functions အတွက် လက်ရှိ LTE Networks တွေကို မှီခိုရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Foldable ဖုန်း တွေကို ကြေညာထားတဲ့ အထင်ကရ ကုမ္ပဏီဆိုလို့ Huawei နဲ့ Samsung ပဲရှိပါသေးတယ်။ Samsung က လာမယ့်နှစ်မှာ အဲဒီဖုန်းတွေ အများအပြားထုတ်လုပ်ရောင်းချမယ်လို့ ဆိုထားပါတယ်။ လာမယ့်နှစ်မှာ တခြား ပြိုင်ဖက် ကုမ္ပဏီတွေရဲ့ Foldable ဖုန်း တွေလည်း အပြိုင်အဆိုင်ထွက်လာတော့မှာပါ။

Ref : gsmarena

[Zawgyi]

Samsung Galaxy W20 5G ေတြ တရုတ္မွာ စကၠန္႔ပိုင္းအတြင္း ေရာင္းကုန္သြား

Samsung က ႏို၀င္ဘာလကုန္မွာ Galaxy W20 5G ကို တရုတ္မွာ ေၾကညာခဲ့ၿပီး တကယ္ေတာ့ အဲဒီ ဖုန္းဟာ Snapdragon 855+ SoC နဲ႔ အဆင့္ျမွင့္ထားတဲ့ Galaxy Fold 5G ျဖစ္ပါတယ္။ ဒါ့အျပင္ အျဖဴေရာင္ အသစ္ထုတ္လုပ္ထားၿပီး တရုတ္မွာ China Telecom ကေနပဲ ေရာင္းေပးမွာ ျဖစ္ပါတယ္။ ဘက္ထရီကေတာ့ Galaxy Fold ထက္ ေသးငယ္သြားေပမယ့္ အလယ္က အဆက္ကို ပိုခိုင္ခံ့ေအာင္ အဆင့္ျမွင့္ထားပါတယ္။

Galaxy W20 5G ကို ေၾကညာခ်ိန္က ဒီဇင္ဘာလမွာ ေရာင္းေပးမယ္လို႔ ကုမၸဏီက ေျပာေပမယ့္ ေန႔ရက္အတိအက်နဲ႔ ေစ်းႏႈန္းကို မေျပာခဲ့ပါဘူး။ အခုေတာ့ Samsung က သူ႔ အြန္လိုင္းစတိုးနဲ႔ တရုတ္က နာမည္ေက်ာ္ အြန္လိုင္းစတိုး ျဖစ္တဲ့ JD.com တို႔မွာ စာရင္းတင္လိုက္ပါတယ္။ ယြမ္ ၁၉,၉၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၃ သိန္းေလာက္ရွိပါတယ္။ ဒါေပမယ့္ ဒီေလာက္ေစ်းႀကီးတဲ့ ဖုန္းဟာ စကၠန္႔ပိုင္းအတြင္း ပစၥည္းျပတ္သြားေလာက္ေအာင္ တရုတ္မွာ ေရာင္းအားလန္းေနပါတယ္။

ေနာက္ ၁ သုတ္ကို ဒီလ ၂၀ ရက္ေန႔မွာ ျပန္လည္ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ W20 5G အတြက္ 12GB RAM / 512GB Storage ၁ မ်ိဳးထဲ ထုတ္လုပ္ေပးထားပါတယ္။ NSA (non-standalone) 5G ကိုပဲ ေထာက္ပံ့ၿပီး Control Functions အတြက္ လက္ရွိ LTE Networks ေတြကို မွီခိုရမွာ ျဖစ္ပါတယ္။

လက္ရွိမွာ Foldable ဖုန္း ေတြကို ေၾကညာထားတဲ့ အထင္ကရ ကုမၸဏီဆိုလို႔ Huawei နဲ႔ Samsung ပဲရွိပါေသးတယ္။ Samsung က လာမယ့္ႏွစ္မွာ အဲဒီဖုန္းေတြ အမ်ားအျပားထုတ္လုပ္ေရာင္းခ်မယ္လို႔ ဆိုထားပါတယ္။ လာမယ့္ႏွစ္မွာ တျခား ၿပိဳင္ဖက္ ကုမၸဏီေတြရဲ႕ Foldable ဖုန္း ေတြလည္း အၿပိဳင္အဆိုင္ထြက္လာေတာ့မွာပါ။

Ref : gsmarena