Samsung ဟာ တရုတ်မှာ စက်တင်ဘာလက Galaxy Z Fold2 ကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် China Telecom ကနေ အရင်နှစ်ထုတ် Galaxy W20 လိုပဲ Galaxy W21 5G Version ကို ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းကို တရုတ်က TENAA မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး ဓါတ်ပုံတွေအရ ဒီဇိုင်းဟာ Galaxy Z Fold2 နဲ့ တော်တော်တူနေပါတယ်။ တချို့လောက်ပဲ ကွဲပြားတာ မြင်ရပါတယ်။

အဓိက ကွာခြားသွားတာက အနောက်ဘက် ဖြစ်ပြီး Galaxy W21 မှာ မျဉ်းကြောင်းနဲ့ China Telecom Logo ပါလာပါတယ်။ Z Fold2 မှာ မပါတဲ့ ရွှေရောင်ကို မြင်ရပါတယ်။ Specs အပိုင်းမှာတော့ Z Fold2 နဲ့ လုံးဝ တူညီမှာဖြစ်ပါတယ်။

Samsung Galaxy W21 5G ဟာ Foldable စမတ်ဖုန်း ဖြစ်ပြီး မကြာခင်ကလည်း တရုတ်က 3C Agency မှာ မှတ်ပုံတင်ထားပါတယ်။ 3C မှာ Z Fold2 မှာလို 25W Fast Charging ထောက်ပံ့ထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ စမတ်ဖုန်း အကြောင်း မသိရသေးတာက ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် ဖြစ်ပါတယ်။

Samsung Galaxy Z Fold2 ကို ပြီးခဲ့တဲ့ လက US, UK, Singapore, Thailand, France နဲ့ ဥရောပ နိုင်ငံများစွာ အပါအဝင် နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပါတယ်။ Galaxy Z Fold2 အတွက် Mystick Black နဲ့ Mystic Bronze ၂ ရောင် ထုတ်လုပ်ထားပြီး Hinge အတွက် Metallic Silver , Metallic Gold , Metallic Red နဲ့ Metallic Blue အရောင်တွေ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အမေရိကန်မှာ ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၆ သိန်းလောက် ရှိပါတယ်။

Ref : gsmarena