Zawgyi

Samsung Galaxy Watch Active 2 စမတ္နာရီေတြဟာ ေဘးေဘာင္ (Bezel) ေနရာကို Physical အစား Digital Bezel ေတြနဲ႔ စတင္အစားထိုးလာခဲ့ပါတယ္။ ျပန္လည္ဆန္းသစ္ထားတဲ့ OneUI ေၾကာင့္ Super AMOLED Display ေပၚမွာ Virtual Bezel ကို ျမင္ေတြ႕ရမွာျဖစ္ၿပီး ဝတ္ဆင္သူရဲ႕လက္ေကာက္ဝတ္ေပၚက Screen အရြယ္အစားကို အျမင့္ဆုံးျမွင့္တင္ေပးႏုိင္မွာပါ။

Watch Active 2 ဟာ အရြယ္အစားႏွစ္မ်ဳိးနဲ႔ ထြက္လာၿပီး 40mm နဲ႔ 44mm တုိ႔ျဖစ္ပါတယ္။ စတုိင္လည္း ႏွစ္မ်ဳိးပဲ ထြက္ရွိလာၿပီး ေပါ့ပါးတဲ့ အလူမီနီယံကိုယ္ထည္နဲ႔ FKM လက္ပတ္အတြဲ သို႔မဟုတ္ ပိုေစ်းျမင့္တဲ့ Stainless Steel ကိုယ္ထည္ကို လည္သာလက္ပတ္တုိ႔ျဖင့္ ေရြးခ်ယ္ႏုိင္မွာပါ။ လက္ပတ္ႏွစ္မ်ဳိးလုံးဟာ ပုံမွန္ 20mm Band ေတြျဖစ္ၿပီး ကိုယ့္ဝတ္စုံနဲ႔ လက္ပတ္နာရီအေရာင္တုိ႔ကို ဆင္တူဝတ္ခ်င္တယ္ဆုိရင္ Galaxy Wearables App ေတြထဲ အသစ္ပါလာတဲ့ My Style Feature မွာ ကိုယ္ဝတ္ဆင္မယ့္ ဝတ္စုံရဲ႕ ဓါတ္ပုံကို ရုိက္သြင္းေပးလိုက္ရုံနဲ႔ အလုိအေလွ်ာက္ အၾကံေပးေပးမွာျဖစ္ပါတယ္။

စမတ္နာရီအသစ္မွာ အဆင့္ျမွင့္တင္ထားတဲ့ ႏွလုံးခုန္ႏႈန္းတုိင္းတာစက္ ပါဝင္လာၿပီး ပုိျမန္ဆန္တဲ့ ဖတ္ရႈမႈႏႈန္းအတြက္ LED ၈ ခု ထည့္သြင္းလာပါတယ္။ ဒါ့အျပင္ ဒီေမာ္ဒယ္အသစ္မွာ ECG Feature အသစ္ပါ ထည့္သြင္းလာတာကို ေတြ႕ရတယ္။ Watch Active 2 စမတ္နာရီအသစ္က က်န္းမာေရးေလ့က်င့္ခန္းလုပ္သူေတြ အတြက္သာမဟုတ္ဘဲ ဝတ္ဆင္သူရဲ႕ က်န္းမာေရးအေျခအေနကို တကယ္ေစာင့္ၾကည့္ေပးမယ့္ နာရီေတြ မ်ဳိးဆက္ကို ေရာက္လာခဲ့ၿပီလုိ႔ ဆုိရမွာပါ။

Galaxy Watch Active 2 ဟာ စမတ္နာရီေတြမွာ မရွိမျဖစ္ပါဝင္ရတဲ့ ေလ့က်င့္ခန္းျပဳလုပ္လႈပ္ရွားပုံ အေျခခံစနစ္အတြက္ဆုိရင္ ကာယေလ့က်င့္ခန္း ၃၉ မ်ဳိးကို သိမွတ္ေပးႏုိင္တဲ့ စြမ္းရည္ပါဝင္ပါတယ္။ မီတာ ၅၀ အနက္ ေရေအာက္မွာ ဆယ္မိနစ္ထိ ထားႏုိင္တာေၾကာင့္ ေရကူးေလ့က်င့္ခန္းအတြက္လည္း အဆင္ေျပေစမွာ ျဖစ္ပါတယ္။

Samsung Galaxy Watch Active 2 ရဲ႕ အရြယ္အစားႏွစ္မ်ဳိးလုံးမွာ 360 x 360p Resolution နဲ႔ Super AMOLED Display ပါဝင္ပါတယ္။ 40mm ဗားရွင္းက 1.2” လက္မအရြယ္ Display ပါၿပီး 44mm ကေတာ့ အနည္းငယ္ပိုႀကီးတဲ့ 1.4” ပါ။ အတြင္းမွာ Exynos 9110 ခ်စ္ပ္ကို အသုံးျပဳထားၿပီး 769MB RAM မန္မုိရီနဲ႔ Tizen OS တုိ႔ပါဝင္ပါတယ္။
1.5GB RAM မန္မုိရီကိုေတာ့ Stainless Steel ကိုယ္ထည္ဗားရွင္းမွာသာ ရရွိႏုိင္မွာျဖစ္ၿပီး ကိုယ့္ရဲ႕ ဆုိရွယ္မီဒီယာအေကာင့္ေတြနဲ႔ ခ်ိတ္ဆက္အသုံးျပဳႏုိင္မွာပါ။ တြစ္တာအစရွိတဲ့ ပုိစ့္ေတြကို ဖတ္ႏုိင္၊ Reply ျပန္ႏုိင္မယ့္အျပင္ ဗီဒီယိုေတြကိုေတာင္ ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ Active Watch 2 ဟာ ခ်က္ခ်င္းေတာ့ ေစ်းကြက္ထဲမွာ ရွာေတြ႕ဦးမွာမဟုတ္ပါဘူး။ စက္တင္ဘာ ၆ ရက္ေန႔မွာ အႀကိဳအမွာစတင္လက္ခံမွာျဖစ္ၿပီး ၂၆ ရက္ေန႔မွ သင့္လက္ထဲကို ေရာက္ရွိႏုိင္မွာပါ။ အလူမီနီယံ ဗားရွင္းဟာ 40mm ေမာ္ဒယ္အတြက္ ေဒၚလာ ၂၈၀ (ျမန္မာေငြ ေလးသိန္းႏွစ္ေသာင္းေက်ာ္) က်သင့္ၿပီး 44mm ေမာ္ဒယ္အတြက္ေတာ့ ေဒၚလာ ၃၀၀ (ျမန္မာေငြ ေလးသိန္းခြဲေက်ာ္) သတ္မွတ္ထားပါတယ္။

Ref – GSM Arena

Unicode

Samsung Galaxy Watch Active 2 စမတ်နာရီတွေဟာ ဘေးဘောင် (Bezel) နေရာကို Physical အစား Digital Bezel တွေနဲ့ စတင်အစားထိုးလာခဲ့ပါတယ်။ ပြန်လည်ဆန်းသစ်ထားတဲ့ OneUI ကြောင့် Super AMOLED Display ပေါ်မှာ Virtual Bezel ကို မြင်တွေ့ရမှာဖြစ်ပြီး ဝတ်ဆင်သူရဲ့လက်ကောက်ဝတ်ပေါ်က Screen အရွယ်အစားကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်မှာပါ။

Watch Active 2 ဟာ အရွယ်အစားနှစ်မျိုးနဲ့ ထွက်လာပြီး 40mm နဲ့ 44mm တို့ဖြစ်ပါတယ်။ စတိုင်လည်း နှစ်မျိုးပဲ ထွက်ရှိလာပြီး ပေါ့ပါးတဲ့ အလူမီနီယံကိုယ်ထည်နဲ့ FKM လက်ပတ်အတွဲ သို့မဟုတ် ပိုဈေးမြင့်တဲ့ Stainless Steel ကိုယ်ထည်ကို လည်သာလက်ပတ်တို့ဖြင့် ရွေးချယ်နိုင်မှာပါ။ လက်ပတ်နှစ်မျိုးလုံးဟာ ပုံမှန် 20mm Band တွေဖြစ်ပြီး ကိုယ့်ဝတ်စုံနဲ့ လက်ပတ်နာရီအရောင်တို့ကို ဆင်တူဝတ်ချင်တယ်ဆိုရင် Galaxy Wearables App တွေထဲ အသစ်ပါလာတဲ့ My Style Feature မှာ ကိုယ်ဝတ်ဆင်မယ့် ဝတ်စုံရဲ့ ဓါတ်ပုံကို ရိုက်သွင်းပေးလိုက်ရုံနဲ့ အလိုအလျှောက် အကြံပေးပေးမှာဖြစ်ပါတယ်။

စမတ်နာရီအသစ်မှာ အဆင့်မြှင့်တင်ထားတဲ့ နှလုံးခုန်နှုန်းတိုင်းတာစက် ပါဝင်လာပြီး ပိုမြန်ဆန်တဲ့ ဖတ်ရှုမှုနှုန်းအတွက် LED ၈ ခု ထည့်သွင်းလာပါတယ်။ ဒါ့အပြင် ဒီမော်ဒယ်အသစ်မှာ ECG Feature အသစ်ပါ ထည့်သွင်းလာတာကို တွေ့ရတယ်။ Watch Active 2 စမတ်နာရီအသစ်က ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူတွေ အတွက်သာမဟုတ်ဘဲ ဝတ်ဆင်သူရဲ့ ကျန်းမာရေးအခြေအနေကို တကယ်စောင့်ကြည့်ပေးမယ့် နာရီတွေ မျိုးဆက်ကို ရောက်လာခဲ့ပြီလို့ ဆိုရမှာပါ။

Galaxy Watch Active 2 ဟာ စမတ်နာရီတွေမှာ မရှိမဖြစ်ပါဝင်ရတဲ့ လေ့ကျင့်ခန်းပြုလုပ်လှုပ်ရှားပုံ အခြေခံစနစ်အတွက်ဆိုရင် ကာယလေ့ကျင့်ခန်း ၃၉ မျိုးကို သိမှတ်ပေးနိုင်တဲ့ စွမ်းရည်ပါဝင်ပါတယ်။ မီတာ ၅၀ အနက် ရေအောက်မှာ ဆယ်မိနစ်ထိ ထားနိုင်တာကြောင့် ရေကူးလေ့ကျင့်ခန်းအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

Samsung Galaxy Watch Active 2 ရဲ့ အရွယ်အစားနှစ်မျိုးလုံးမှာ 360 x 360p Resolution နဲ့ Super AMOLED Display ပါဝင်ပါတယ်။ 40mm ဗားရှင်းက 1.2” လက်မအရွယ် Display ပါပြီး 44mm ကတော့ အနည်းငယ်ပိုကြီးတဲ့ 1.4” ပါ။ အတွင်းမှာ Exynos 9110 ချစ်ပ်ကို အသုံးပြုထားပြီး 769MB RAM မန်မိုရီနဲ့ Tizen OS တို့ပါဝင်ပါတယ်။
1.5GB RAM မန်မိုရီကိုတော့ Stainless Steel ကိုယ်ထည်ဗားရှင်းမှာသာ ရရှိနိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ တွစ်တာအစရှိတဲ့ ပိုစ့်တွေကို ဖတ်နိုင်၊ Reply ပြန်နိုင်မယ့်အပြင် ဗီဒီယိုတွေကိုတောင် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Active Watch 2 ဟာ ချက်ချင်းတော့ ဈေးကွက်ထဲမှာ ရှာတွေ့ဦးမှာမဟုတ်ပါဘူး။ စက်တင်ဘာ ၆ ရက်နေ့မှာ အကြိုအမှာစတင်လက်ခံမှာဖြစ်ပြီး ၂၆ ရက်နေ့မှ သင့်လက်ထဲကို ရောက်ရှိနိုင်မှာပါ။ အလူမီနီယံ ဗားရှင်းဟာ 40mm မော်ဒယ်အတွက် ဒေါ်လာ ၂၈၀ (မြန်မာငွေ လေးသိန်းနှစ်သောင်းကျော်) ကျသင့်ပြီး 44mm မော်ဒယ်အတွက်တော့ ဒေါ်လာ ၃၀၀ (မြန်မာငွေ လေးသိန်းခွဲကျော်) သတ်မှတ်ထားပါတယ်။

Ref – GSM Arena