ထိုးဖောက်ပျံ့ပွားမှုမရှိတဲ့ သွေးတွင်းဂလူးကို့စ်ကို စောင့်ကြည့်တဲ့နည်းပညာဟာ ပြီးပြည့်စုံမှုမရှိသေးတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါပေမယ့် Samsung နဲ့ Apple တို့ ကတော့ သူ့တို့ရဲ့စမတ်နာရီတွေမှာ “သွေးတွင်းသကြားဓါတ်စောင့်ကြည့်ခြင်း” ကို အကောင်အထည်ဖော်နိုင်တော့မယ်လို့ ETNews ရဲ့ဖော်ပြချက်အရ သိရပါတယ်။

Samsung နဲ့ Apple တို့ဟာ Galaxy Watch4/Watch Active 3 နဲ့ Watch7 (စမတ်နာရီနာမည်တွေဟာ အတည်မဟုတ်) တွေနဲ့ သမားရိုးကျမဟုတ်တဲ့ သွေးတွင်းသကြားဓါတ်စောင့်ကြည့်ခြင်းနည်းလမ်းကို မိတ်ဆက်မယ်လို့ ဆိုပါတယ်။ နည်းလမ်းက Optical Sensor ကိုအခြေခံပြီး စမတ်နာရီထဲမှာ “Glucometer” ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက Quantum Operation လို့ခေါ်တဲ့ကုမ္ပဏီဟာ အလင်းနဲ့လက်ကောက်ဝတ်တို့ အပြန်အလှန်တုံ့ပြန်တဲ့ “Spectrometer-based” ရှေ့ပြေးပုံစံ လတ်ပတ်ကို ထုတ်ကြွားခဲ့ပါသေးတယ်။ ဒါမျိုးကို Apple လိုကုမ္ပဏီတွေက လွန်ခဲ့တဲ့တစ်နှစ်မတိုင်ခင်ကတည်းက စမ်းသပ်လုပ်ဆောင်နှင့်ပြီး ဖြစ်ပါတယ်။

Apple ရဲ့ မူပိုင်ခွင့်တင်ထားချိန်က လွန်ခဲ့တဲ့ ၂၀၁၈ ဖြစ်ပါတယ်။ ဒီတုန်းက Samsung ကလည်း “Science Advances” ဂျာနယ်မှာ MIT နဲ့ ပူးပေါင်းပြီး Raman’s Spectroscopy ရဲ့ ရလဒ်ကို ဖော်ပြခဲ့ပါတယ်။ ဒါက အလင်းဟာ ဓါတုဗေဒတွဲစပ်နေတဲ့အရာဝတ္ထုကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို ပြသတာပဲ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုပေါ် လေဆာအလင်းရောင်ပေးတဲ့အခါ ပြန့်ကြဲသွားသလိုမျိုးဖြစ်ပါတယ်။

ကွဲပြားခြားနားတဲ့လှိုင်းအလျားတွေဟာ သွေးတွင်းဂလူးကိုစ့်ကို အရင်ကထက်ပိုပြီး တိကျမှန်ကန်စွာစောင့်ကြည့်ဖို့ အသုံးပြုနိုင်ပါတယ်။ အကယ်၍ သတင်းသာမှန်ကန်ပြီး၊ ဒီနည်းပညာသာအောင်မြင်ခဲ့မယ်ဆိုရင် ဆီးချိုရောဂါဝေဒနာရှင်တွေဟာ လက်ချောင်းထိပ်ကိုအပ်နဲ့ဖောက်စရာမလိုဘဲ စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

Samsung နဲ့ Apple ကုမ္ပဏီနှစ်ခုစလုံးဟာ ဒီနည်းပညာကို စမတ်နာရီတွေမှာထည့်သွင်းဖို့နဲ့ပတ်သက်ပြီး ရှေ့ပြေးပုံစံထက် ကျော်လွန်တိုးတက်နေပြီလို့ ဆိုပါတယ်။ လက်တွေ့အားဖြင့် ဒီနှစ်အစောပိုင်းမှာ မိတ်ဆက်ပေးမယ်လို့လည်း ဆိုပါတယ်။ Samsung ကတော့ ၂၀၂၁ ရဲ့ ဒုတိယနှစ်ဝက်မှာ ဒီလုပ်ဆောင်ချက်ပါဝင်တဲ့ စမတ်နာရီ တစ်မျိုး၊ ဒါမှမဟုတ် ၂ မျိုးကို မိတ်ဆက်မယ်လို့ ဆိုပါတယ်။

Ref: Gizmochina