SamMobile က Galaxy Watch4 နဲ့ Watch4 Classic မှာ အသစ်စက်စက် Exynos W920 Chipset for Wearables ပါလာမှာ ဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ ဘက်ထရီ သက်တမ်း တော်တော်တိုးတက်လာမယ်လို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ အခုတော့ SamMobile ကပဲ Galaxy Watch4 နဲ့ Watch4 Classic မှာ Watch3 ထက် Storage ၂ ဆ ပါလာနိုင်တယ်လို့ ပြောပါတယ်။

Samsung Galaxy Watch4 to come with twice the storage of Watch3 -  GSMArena.com news

Galaxy Watch3 Series မှာ 8GB Internal Storage ထည့်သွင်းထားတဲ့အတွက် Watch4 မှာ 16GB Storage ပါလာနိုင်ပါတယ်။ ဒီလို Storage တိုးမြှင့်ပေးလိုက်ရတဲ့ အကြောင်းအရင်းက Google Wear OS ကို ပြောင်းသုံးလိုက်လို့ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ Google Play Store မှာ Wearable Apps တွေ အင်စတောလုပ်လို့ရလာတဲ့အတွက် စမတ်နာရီမှာ သီချင်းတွေအပြင် App တွေအတွက် Storage ပိုလိုအပ်လာပါတယ်။

Galaxy Watch 4 to come with Exynos W920 chipset, 16GB storage - Android  Community

Wear OS အခြေပြု One UI အသစ်ကို မိတ်ဆက်တဲ့ ပွဲမှာ Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က သင့်ရဲ့ စမတ်ဖုန်း Apps တွေ အားလုံးကို Wear OS ထည့်သွင်းထားတဲ့ Galaxy Watch4 မှာ ပြသပေးတဲ့ လုပ်ဆောင်ချက် တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Storage ကို တိုးမြှင့်ပေးတာက ကြိုဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Watch4 ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ဓါတ်ပုံတွေမှာ Watch4 ရဲ့ Specs တချို့လည်း ဖော်ပြထားပါတယ်။ အနောက်ဘက်မှာ 40mm နဲ့ 44mm စာသားတွေကို မြင်ရပါတယ်။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး MIL-STD 810G စံနှုန်း ရှိပါတယ်။ GPS နဲ့ Gorilla Glass DX+ တွေ တပ်ဆင်ထားပါတယ်။ ဓါတ်ပုံတွေမှာ အဖြူ၊ အစိမ်း၊ အနက်၊ အနီနဲ့ အဝါရောင် လက်ပတ်ကြိုးတွေနဲ့ ငွေ၊ အနက်၊ ကြေးအရောင်ကိုယ်ထည်တွေကို မြင်ရပါတယ်။ ဩဂုတ်လမှာ Galaxy Z Fold3 နဲ့အတူ Z Flip3 , Galaxy Watch4 နဲ့ Galaxy Buds2 တို့ကို ကြေညာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

Ref : gsmarena