Zawgyi

ၿပီးခဲ့တဲ့အပတ္က ေမာ္ဒယ္နံပါတ္ SM-G398 လို႔ေပးထားတဲ့ Samsung စမတ္ဖုန္းတစ္လုံးဟာ FCC အတည္ျပဳခ်က္ရရွိခဲ့တဲ့အတြက္ Galaxy Xcover 5 ဖုန္းသစ္ျဖစ္လာမယ္လို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ အခုအခါမွာေတာ့ ဒီဖုန္းဟာ Xcover 4S အမည္ျဖင့္သာ ထြက္လာေတာ့မယ္လို႔ သိရၿပီး ပုံရိပ္နဲ႔တကြ အေရးပါတဲ့ Specs အခ်ဳိ႕ ေပၚထြက္လာခဲ့ပါတယ္။

Galaxy Xcover 4S ဖုန္းဟာ ရာဘာအေပၚယံ Coating နဲ႔ထြက္ရွိလာမွာျဖစ္ၿပီး လက္ထဲမွာ ကိုင္တြယ္ရတာ ေကာင္းမြန္ေစရုံသာမက ထိခုိက္မႈဒဏ္ခံႏုိင္ရည္လည္း ပိုျမင့္လာမွာပါ။ ၄င္းမွာ IP68 နဲ႔ MIL-STD 810G အသိအမွတ္ျပဳခ်က္ေတြ ရရွိထားပါတယ္။

Xcover 4S ဖုန္းမွာ 5” လက္မအရြယ္ LCD မ်က္ႏွာျပင္တစ္ခု ပါဝင္ၿပီး 1280x 720p Resolution နဲ႔ 294ppi ရရွိႏုိင္မွာျဖစ္ပါတယ္။ Display ရဲ႕ေအာက္ဘက္မွာ Physical Button ေတြ ပါဝင္ၿပီး အေပၚမွာေတာ့ 5MP f/2.2 ဆယ္ဖီကင္မရာတစ္ခု ရွိပါတယ္။ ေနာက္ဘက္မွာေတာ့ 16MP f/1.7 ကင္မရာတစ္လုံး ရွိေနပါတယ္။ ဖုန္းရဲ႕ညာဘက္ျခမ္းမွာ ပါဝါခလုတ္ ထားရွိၿပီး ဘယ္ဘက္မွာေတာ့ အသံခလုတ္ကို လိေမၼာ္ေရာင္ Xcover Key နဲ႔တြဲဖက္ထားတယ္။

အတြင္းပုိင္းမွာ Samsung ကုိယ္ပုိင္ Exynos 7885 ခ်စ္ပ္ဆက္ကုိ 3GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ Storage ပမာဏက 32GB ပါဝင္ၿပီး MicroSD ကတ္နဲ႔ တုိးျမွင့္လို႔ရမွာပါ။ အေလးခ်ိန္ ၁၇၂ ဂရမ္ရွိၿပီး 2,800 mAh ဘကၳရီနဲ႔ ပြဲထြက္လာမယ္လို႔ သိရတယ္။

Galaxy Xcover 4S ဖုန္းဟာ ဇြန္လ ၁၂ ရက္ေန႔ကေန စတင္ေစ်းကြက္ထဲ ေရာက္လာမွာျဖစ္ၿပီး ယူရို ၂၅၀ ခန္႔ (ျမန္မာေငြေလးသိန္းေက်ာ္) ေစ်းႏႈန္းသတ္မွတ္လာမယ္လို႔လည္း သိရပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့အပတ်က မော်ဒယ်နံပါတ် SM-G398 လို့ပေးထားတဲ့ Samsung စမတ်ဖုန်းတစ်လုံးဟာ FCC အတည်ပြုချက်ရရှိခဲ့တဲ့အတွက် Galaxy Xcover 5 ဖုန်းသစ်ဖြစ်လာမယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဒီဖုန်းဟာ Xcover 4S အမည်ဖြင့်သာ ထွက်လာတော့မယ်လို့ သိရပြီး ပုံရိပ်နဲ့တကွ အရေးပါတဲ့ Specs အချို့ ပေါ်ထွက်လာခဲ့ပါတယ်။

Galaxy Xcover 4S ဖုန်းဟာ ရာဘာအပေါ်ယံ Coating နဲ့ထွက်ရှိလာမှာဖြစ်ပြီး လက်ထဲမှာ ကိုင်တွယ်ရတာ ကောင်းမွန်စေရုံသာမက ထိခိုက်မှုဒဏ်ခံနိုင်ရည်လည်း ပိုမြင့်လာမှာပါ။ ၎င်းမှာ IP68 နဲ့ MIL-STD 810G အသိအမှတ်ပြုချက်တွေ ရရှိထားပါတယ်။

Xcover 4S ဖုန်းမှာ 5” လက်မအရွယ် LCD မျက်နှာပြင်တစ်ခု ပါဝင်ပြီး 1280x 720p Resolution နဲ့ 294ppi ရရှိနိုင်မှာဖြစ်ပါတယ်။ Display ရဲ့အောက်ဘက်မှာ Physical Button တွေ ပါဝင်ပြီး အပေါ်မှာတော့ 5MP f/2.2 ဆယ်ဖီကင်မရာတစ်ခု ရှိပါတယ်။ နောက်ဘက်မှာတော့ 16MP f/1.7 ကင်မရာတစ်လုံး ရှိနေပါတယ်။ ဖုန်းရဲ့ညာဘက်ခြမ်းမှာ ပါဝါခလုတ် ထားရှိပြီး ဘယ်ဘက်မှာတော့ အသံခလုတ်ကို လိမ္မော်ရောင် Xcover Key နဲ့တွဲဖက်ထားတယ်။

အတွင်းပိုင်းမှာ Samsung ကိုယ်ပိုင် Exynos 7885 ချစ်ပ်ဆက်ကို 3GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ Storage ပမာဏက 32GB ပါဝင်ပြီး MicroSD ကတ်နဲ့ တိုးမြှင့်လို့ရမှာပါ။ အလေးချိန် ၁၇၂ ဂရမ်ရှိပြီး 2,800 mAh ဘက္ထရီနဲ့ ပွဲထွက်လာမယ်လို့ သိရတယ်။

Galaxy Xcover 4S ဖုန်းဟာ ဇွန်လ ၁၂ ရက်နေ့ကနေ စတင်ဈေးကွက်ထဲ ရောက်လာမှာဖြစ်ပြီး ယူရို ၂၅၀ ခန့် (မြန်မာငွေလေးသိန်းကျော်) ဈေးနှုန်းသတ်မှတ်လာမယ်လို့လည်း သိရပါတယ်။

Ref – GSM Arena