Samsung Galaxy Note20 နဲ့ Galaxy Fold 2 ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က သတင်းထွက်လာခဲ့ပါတယ်။ အခုတော့ အဲဒီပွဲမှာ Galaxy Z Flip 5G ကိုလည်း ပွဲထုတ်မယ်လို့ Leakster ၁ ယောက် ဖြစ်တဲ့ Jon Prosser က တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ Prosser ဟာ Samsung နဲ့ Apple တို့ရဲ့ ထုတ်ကုန် အသစ် မိတ်ဆက်ပွဲတွေရဲ့ သတင်းအချက်အလက်တွေကို မှန်ကန်စွာ မျှဝေထားခဲ့ဖူးပါတယ်။

လက်ရှိရောင်းချထားတဲ့ Galaxy Z Flip မှာ Snapdragon 855 Chipset မောင်းနှင်ထားပြီး LTE Support ပဲပါပါတယ်။ Samsung က Galaxy Z Flip မော်ဒယ်အသစ်မှာ 5G Modem ပါတဲ့ Chipset အပြင် တခြားဘာတွေနဲ့ အဆင့်မြှင့်ထားမလဲဆိုတာ မသိရသေးပါဘူး။ အရင်သတင်းတွေအရ 5G မော်ဒယ်မှာ 256GB Storage ကိုလည်း ထုတ်လုပ်ထားမှာ ဖြစ်ပြီး အညိုရောင် အသစ်မိတ်ဆက်မယ်လို့ သိရပါတယ်။

Galaxy Note20 မှာ ပြားချပ်တဲ့ မျက်နှာပြင်နဲ့အတူ Galaxy S20 Series တွေရဲ့ လုပ်ဆောင်ချက်တွေ ပါလာနိုင်ပါတယ်။ Note20+ ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပြီး မျက်နှာပြင်ကွေး ထည့်သွင်းထားနိုင်ပါတယ်။ S20 Ultra မှာတော့ အလားတူ မျက်နှာပြင်ကွေး မပါလာပါဘူး။ Galaxy Fold 2 ကိုလည်း အဲဒီပွဲမှာ ကြေညာနိုင်ပါတယ်။

ဩဂုတ်လ ၅ ရက်နေ့မှာ မိတ်ဆက်ပွဲ ပြုလုပ်နိုင်ပြီး ဩဂုတ်လ ၂၀ ရက်နေ့မှာ ဝယ်ယူခွင့်ပေးမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy Watch 3 နဲ့ Gear Earbuds အသစ်တို့ကိုလည်း ချပြနိုင်ပါတယ်။

Ref : gsmarena