Samsung က အိန္ဒိယမှာ Galaxy Z Flip ကို ၂၁ ရက်နေ့က ရောင်းပေးလိုက်ပြီး မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားပါတယ်။ ရူပီး ၁၀၉,၉၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၂ သိန်းလောက်ရှိပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ နိုင်ငံတလွှားက မြေပြင် စတိုးတွေကနေ ကြိုတင်မှာယူခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ Samsung က ရောင်းချရတဲ့ အလုံးရေကို မပြောပေမယ့် မကြာခင်မှာ ထပ်မံ ကြိုတင်မှာယူခွင့်ပြုမယ်လို့ ပြောပါတယ်။

Galaxy Z Flip ကို အိန္ဒိယမှာ ကြိုတင်မှာယူထားသူတွေကို ဖေဖော်ဝါရီလ ၂၆ ရက်မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Samsung က ဒီလ ၂၈ ရက်နေ့မှာ ထပ်မံ ကြိုတင်မှာယူခွင့် ပြုမယ်လို့ သတင်းထွက်နေပေမယ့် Samsung က နောက်တစ်သုတ် ရောင်းမယ့် အချိန်ကို မကြေညာသေးပါဘူး။

၂၁ ရက်နေ့က Galaxy Z Flip ကို ကြိုတင်မှာယူမှု မလုပ်နိုင်ခဲ့သူတွေဟာ Samsung ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းထားနိုင်ပြီး နောက်တစ်ကြိမ် ကြိုတင်မှာခွင့်ပေးတော့မယ်ဆိုရင် အသိပေးအကြောင်းကြားမှာ ဖြစ်ပါတယ်။

Galaxy Z Flip မှာ အလန်းစား Snapdragon 855+ SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 256GB Storage တွေ ပါပါတယ်။ ၆.၇ လက်မ Foldable Dynamic AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 2636x1080p Resolution ရှိပါတယ်။ အတွင်းဘက်မှာ 10MP ကင်မရာ ၁ လုံးနဲ့ အပြင်ဘက်မှာ 12MP ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။

Ref : gsmarena