ဖေဖော်ဝါရီလမှာ ကြေညာခဲ့တဲ့ Samsung Galaxy Z Flip ဟာ ရောင်းအားကောင်းတဲ့ Foldable စမတ်ဖုန်း ဖြစ်နေပါတယ်။ မတ်လ ၁ လထဲမှာ အလုံးရေ ၂၃၀,၀၀၀ ရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလကထက် ၅၆.၁ ရာခိုင်နှုန်း တက်လာပါတယ်။ Samsung Galaxy Fold ကိုတောင် ၂၀၁၉ ၁ နှစ်လုံးမှာ အလုံးရေ ၄၀၀,၀၀၀ ပဲ ရောင်းချနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း Galaxy S20 Series တွေဟာ ရောင်းအား မကောင်းဘူးလို့ သိရပါတယ်။ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ အရင်နှစ်ထုတ် Galaxy S10 ထက် ရောင်းအား ၃၅ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် ရောင်းအားတွေ ကျနေတာလည်း ပါပါတယ်။ Samsung ရဲ့ စမတ်ဖုန်းတွေဟာ ရောင်းအား ၂၂.၄ ရာခိုင်နှုန်း ကျဆင်းနေပါတယ်။ Samsung ဟာ မတ်လမှာ စမတ်ဖုန်း အလုံးရေ ၈၉.၄၆ သန်း ရောင်းချခဲ့ရပြီး ဖေဖော်ဝါရီလကထက် ၄.၃ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Samsung လိုပဲ Apple ဟာ အနောက်နိုင်ငံတွေကို မှီခိုနေရပြီး အရင်နှစ်ကထက် ရောင်းအား ၂၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မတ်လမှာ အလုံးရေ ၁၀.၁၄ သန်းပဲ ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ရောင်းအားထက် ၄ ပုံပုံ  ၁ ပုံ ကျဆင်းခဲ့ပါတယ်။

ဒီအချိန်မှာ Huawei က ၁ လထက် ၁ လ ရောင်းအား တိုးလာနေပြီး ဗိုင်းရက်စ် ကူးစက်မှု သက်သာလာတဲ့ တရုတ်မှာ ၂၆.၆ ရာခိုင်နှုန်း တိုးလာပါတယ်။

Ref : gsmarena