Samsung ကနေ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Note 20 Series စမတ်ဖုန်းတွေနဲ့အတူ Galaxy Z Fold 2 Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy Z Fold 2 စမတ်ဖုန်းဟာ မနှစ်တုန်းက Galaxy Fold ရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်သလို ပြောင်းလဲမှုတွေလည်း အများအပြားရှိလာမှာပါ။

အခုအချိန်မှာတော့ MySmartPrice ကနေ Galaxy Z Fold 2 ရဲ့ Design Official Render ဓါတ်ပုံတွေကို ထုတ်ပြလိုက်ပါပြီ။ အဆိုပါ ဓါတ်ပုံတွေကနေတစ်ဆင့် Galaxy Z Fold 2 ရဲ့ Design အသေးစိတ်ကို မြင်တွေ့ရခဲ့တာလည်းဖြစ်ပါတယ်။

Samsung Galaxy Z Fold 2 စမတ်ဖုန်းဟာ အရောင်အနေနဲ့ Brown နဲ့ Black ဆိုပြီး ၂ ရောင်ထွက်ရှိလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Galaxy Fold လိုမျိုး အပြင်ဘက် Display က 4″ Size ပဲရှိတော့မှာမဟုတ်ဘဲ အရှေ့ဘက်အပြည့်နေရာယူထားတာကိုလည်းတွေ့ရှိရပါတယ်။

အတွင်းဘက် Display အနေနဲ့လည်း Galaxy Fold တုန်းကလိုမျိုး ကြီးမားတဲ့ Notch အစား Selfie Camera အတွက် Single Punch Hole Design ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အစောပိုင်းပေါက်ကြားထားတဲ့သတင်းတွေအရဆိုရင် Galaxy Z Fold 2 ရဲ့ Internal Primary Display က 120Hz Refresh Rate ကိုပါ Support ပြုလုပ်မှာပါ။

Performance ပိုင်းအနေနဲ့ကတော့ Galaxy Z Fold 2 စမတ်ဖုန်းဟာ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 5G Network ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ကတော့ Galaxy Note 20 ဖုန်းနဲ့ တူညီတဲ့ Camera Setup ကို အသုံးပြုလာနိုင်ပါတယ်။

Ref – 9to5Google