Samsung ဟာ ယခု ဇူလိုင်လကုန်ပိုင်းမှာ Foldable ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလို မိတ်ဆက်ဖို့အချိန်နီးကပ်လာတာနဲ့အတူ သတင်းတွေကတော့ ပိုမိုပေါက်ကြားလာပြီဖြစ်ပါတယ်။

အခုလည်း တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Samsung Galaxy Z Fold5 ဖုန်းဟာ IP58 Dust & Water Resistant Rating ပါဝင်မှာမဟုတ်တော့ဘူးဆိုပြီး ပြောကြားလိုက်တယ်။ အစောပိုင်းတုန်းက Galaxy Z Fold5 ဖုန်းက IP58 Rating ပါဝင်မယ်ဆိုပြီး သတင်းထွက်ရှိလာပေမယ့် အခုအချိန်မှာတော့ မဟုတ်တာ့တဲ့ ပုံစံပါပဲ။

ဒါကြောင့် Samsung Galaxy Z Fold5 ဟာ ယခင် Galaxy Z Fold4 နဲ့ Z Fold3 တွေလိုမျိုးပဲ IPX8 Rating ပဲ ပါဝင်မှာဖြစ်ပါတယ်။ အရှေ့ဘက်က ဂဏန်းဟာ ဖုန်နဲ့ အမှုန်တွေဝင်ရောက်မှုကို ကာကွယ်နိုင်စွမ်းကို ဆိုလိုတာဖြစ်ပြီး Galaxy Z Fold5 ဟာ အဲ့ဒီအပိုင်းမှာ ဂရုစိုက်ကိုင်တွယ်ဖို့ လိုအပ်ဦးမှာပါ။

Samsung Galaxy Z Fold5 ဖုန်းဟာ Display Hinge Design ကို ပြောင်းလဲထားမှာဖြစ်ပြီး အလယ်မှာ ဟနေမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Qualcomm Snapdragon 8 Gen 2 Chipset for Galaxy ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။

Ref – Gizmo China