Samsung Galaxy Z Flip3 ရဲ့ တရားဝင်လို့ထင်ရတဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်လာပြီးနောက်မှာ အခုတော့ Galaxy Z Fold3 ရဲ့ အလှည့်ရောက်လာပါပြီ။ အတွင်းပိုင်း သတင်းအရင်းအမြစ်ကနေ ထွက်လာတာ ဖြစ်ပြီး Galaxy Z Fold3 ကို ရှုထောင့်မျိုးစုံက မြင်ရပါတယ်။

အနက်၊ အစိမ်းနဲ့ ပန်းရောင် ၃ ရောင် မြင်ရပြီး ၃ လုံးစလုံးရဲ့ အနောက်ဘက်ဟာ Matte Surface ဖြစ်မယ်လို့ ထင်ပါတယ်။ အပြင်ဘက်မှာ Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး 10MP Sensor လို့ သတင်းထွက်နေပါတယ်။ အတွင်းဘက်မှာ 16MP Under Display ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။

အသံခလုတ်တွေနဲ့ လက်ဗွေရာ ကိရိယာကို ညာဘက်မှာ ထည့်သွင်းထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာကာ Periscope နဲ့ IR Sensor တွေ မမြင်ရပါဘူး။

အရင်သတင်းတွေအရ Galaxy Z Fold3 မှာ ၇.၅၅ လက်မ အတွင်းဘက် Foldable မျက်နှာပြင်နဲ့ ၆.၂၃ လက်မ အပြင်ဘက် မျက်နှာပြင်တွေ ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင် ၂ ခုစလုံးက 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။

Chipset အကြောင်းပြောရရင် Snapdragon 888 or 888+ သုံးထားနိုင်သလို Samsung ရဲ့ Exynos 2100 သို့မဟုတ် ပိုမိုက်တဲ့ အသစ် ၁ လုံး ထည့်သွင်းထားနိုင်ခြေလည်း ရှိပါတယ်။ အရင်မျိုးဆက် Fold ဖုန်းတွေမှာတော့ Qualcomm Chipset ကိုပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Galaxy Z Fold3 မှာ S Pen ပါလာနိုင်ပြီး သီးခြား ဝယ်ယူရမယ်လို့ သတင်းထွက်နေပါတယ်။ 25W Wired နဲ့ 15W Wireless Charging ထောက်ပံ့တဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ ဩဂုတ်လမှာ Galaxy Z Fold3 နဲ့အတူ Z Flip3 , Galaxy Watch4 နဲ့ Galaxy Buds2 တို့ကို ကြေညာမှာပါ။

Ref : gsmarena